ရန်ကုန်၊ စက်တင်ဘာ ၂၄
ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ပဲ လမ်းဘေးရှိကျွန်းပင်အား ဝင်တိုက်မိပြီး အမျိုးသားနှစ်ဦးမှာ ကားခေါင်းခန်းထဲတွင်ညပ်နေပြီး အမျိုးသား တစ်ဦးသေဆုံးကြောင်း သိရသည်။
စက်တင်ဘာ ၂၂ ရက်၊ နံနက် ၉ နာရီ ၃၅ မိနစ်က ပြင်ဦးလွင်-မန္တလေးအဆင်းလမ်း၊ မိုင်တိုင်အမှတ် ၂၅/၄ တွင် ၁၂ ဘီးယာဉ်သည် လမ်းဘေးရှိကျွန်းပင်ကို အရှိန်မထိန်းနိုင်ပဲ ဝင် တိုက်ခဲ့ရာ လူတစ်ဦး ကားခေါင်းခန်းထဲ၌ ခေါင်းညပ်၍ သေဆုံးနေကြောင်းသိရပြီး သေဆုံးသူအမျိုးသားကို သန္တိသုခ လူမှုကူညီရေးအသင်းက ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
“အရှိန်များပြီး ကျွန်းပင်ကို ဝင်စောင့်တာ။ ကျွန်တော်တို့ကတော့ သေဆုံးသူကို ပြင်ဦးလွင် ပြည်သူဆေးရုံကြီးကိုပဲ ပို့ပေးလိုက်တယ်။ သေဆုံးသူကတော့ နွားထိုးကြီးဘက်ကလို့ ပြောတယ်။ သေဆုံးသူကို နွားထိုးကြီးကို ပြန်သယ်သွားကြတယ်” ဟု သန္တသုခ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ပြောသည်။
စက်တင်ဘာ ၈ ရက်နေ့က ပိန်းဇလုပ်မြိုးတွင် ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း မောင်းနှင်လာသည့် FUSO အဝါရောင် ၁၂ ဘီးကားသည် မိုင်တိုင်အမှတ် ၇၈/၈ နှင့် ၈၀/၀ ကြားအရောက်တွင် အရှိန်မထန်နိုင်ပဲ စက်ပျက်၍ရပ်ထားသည့် Nissan အဖြူရောင်၂၂ ဘီးကားအား အနောက်မှဝင်တိုက်ခဲ့ရာ ယာဉ်မောင်းမှာသေဆုံးခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသူ နှစ်ဦးမှာ ကားခေါင်းခန်းတွင် ညပ်နေခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ- သန္တသုခ လူမှုကူညီရေးအသင်း
ပြင်ဦးလွင်တွင် ယာဉ်တစ်စီးတိမ်းမှောက် အမျိုးသားတစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်