ပါရီ၊ ဒီဇင်ဘာ ၅
ပြင်သစ်လွတ်တော်အမတ်များသည် ဝန်ကြီးချုပ် မိုက်ကယ်ဘာနီယာကို အယုံကြည်မရှိကြောင်း အဆိုတင်သွင်းကာ မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် ပြင်သစ်အစိုးရအဖွဲ့ ပြိုကွဲသွားခဲ့ကြောင်း သိရသည်။
ပြင်သစ်လွတ်တော်ကိုယ်စားလှယ်များသည် သမ္မတမက်ခရွန်က အဆိုပြုခန့်အပ်ထားသော ဝန်ကြီးချုပ် မိုက်ကယ်ဘာနီယာကို အယုံကြည်မရှိကြောင်း ၃ နာရီကြာ လွတ်တော်အ တွင်း ဆွေးနွေးဆုံးဖြတ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်ကို ရာထူးမှဖြုတ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြင်သစ်ဝန်ကြီးချုပ် မိုက်ကယ်ဘာနီယာနှင့် လွတ်တော်ကိုယ်စားလှယ်များကြား ဘတ်ဂျက်အသုံးစရိတ်ကိစ္စ အငြင်းပွားခဲ့ပြီး အတိုက်ခံပါတီအမတ်များက ဝန်ကြီးချုပ်ကို အယုံအ ကြည်မရှိအဆိုတင်သွင်းကာ ဖြုတ်ချခဲ့ခြင်းဖြစ်သည်။
ပြင်သစ်နိုင်ငံတွင် ၁၉၆၂ ခုနှစ်နောက်ပိုင်း အယုံအကြည်မရှိအဆိုကြောင့် ပထမဆုံးအကြိမ် အစိုးရအဖွဲ့ ပြိုကွဲသွားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သောရွေးကောက်ပွဲတွင် ပါတီများကြား ပြတ်ပြတ်သားသားအနိုင်ရခြင်းမရှိခဲ့ဘဲ လွတ်တော်ကိုထိန်းချုပ်နိုင်သောပါတီမရှိဘဲဖြစ်ခဲ့ရသည်။
ဝန်ကြီးချုပ်ကို အယုံအကြည်မရှိအဆိုတင်သွင်းမှု အောင်မြင်ရန်အတွက် လွတ်တော်ကိုယ်စားလှယ်အားလုံး၏ ထောက်ခံမဲ ၂၈၈ မဲလိုအပ်သော်လည်း လွတ်တော်ကိုယ်စားလှယ်အားလုံးအနက် ၃၃၁ ဦးက ထောက်ခံမဲပေးခဲ့ကြောင်း သိရသည်။
ဘာနီယာသည် အိမ်စောင့်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် ယာယီဆက်ရှိမည်ဖြစ်ပြီး သမ္မတမက်ခရွန်က ဝန်ကြီးချုပ်အသစ်ကို ထပ်မံရွေးချယ်ခန့်အပ်ဖွယ်ရှိနေသည်။
Marine Le Pen ဦးဆောင်သော လက်ယာစွန်းပါတီနှင့် လက်ဝဲစွန်းပါတီဖြစ်သော New Popular Front တို့သည် ဝန်ကြီးချုပ်ကို ရာထူးမှဖြုတ်ချနိုင်ရန်အတွက် လွှတ်တော်အတွင်း စုစည်းညီညွှတ်ခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
bbc.com
ပြင်သစ်အမတ်များက ဝန်ကြီးချုပ်ကို အယုံကြည်မရှိအဆိုတင်သွင်းကာ ရာထူးမှဖြုတ်ချ ပြင်သစ်အစိုးရအဖွဲ့ ပြိုကွဲ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်