ပြင်သစ်လယ်သမားက မြို့တော်ပဲရစ်မြို့၏ ဝင်လမ်းထွက်လမ်းများကို ဒုတိယမြောက် ပိတ်ဆို့ဆန္ဒပြ

ပဲရစ်၊ ဇန်နဝါရီ ၃၁

ပြင်သစ်နိုင်ငံတွင် လယ်သမားများနှင့်အစိုးရကြား ထိပ်တိုက်တွေ့ဆုံလာခဲ့ပြီးနောက် ပြင်သစ်လယ်သမားများသည် မြို့တော်ပဲရစ်မြို့၏ အဝင်အထွက်လမ်းများကို ပိတ်ဆို့ကာ ဒုတိ ယမြောက်နေ့အဖြစ် ဆက်လက်ဆန္ဒပြနေကြောင်း သိရသည်။

ထောင်နှင့်ချီသော ပြင်သစ်လယ်သမားများသည် ပဲရစ်မြို့ကိုသွားမည့် အမြန်လမ်းမကြီးများကို ဝန်းရံပိတ်ဆို့ကာ ဆန္ဒပြနေခဲ့ပြီး “ siege” of Paris.မြို့ကိုဝန်းရံပိတ်ဆို့ထားရန် တောင်းဆိုဆန္ဒပြခဲ့ကြောင်း သိရသည်။

ပြင်သစ်လယ်သမားများသည် လုပ်ခလစာအပြင် နိုင်ငံခြားသားများနှင့်ယှဉ်ပြိုင်ရာတွင် တရားမျှတမှုမရှိခြင်း၊ စည်းမျဉ်းစည်းကမ်းများကို ကျေနပ်နှစ်သက်မှုမရှိခြင်း စသောအချက်များကြောင့် ပြင်သစ်အစိုးရကို ဇန်နဝါရီ ၃၀ ရက်နေ့တွင် စတင်ဆန္ဒပြခဲ့ကြောင်း သိရသည်။

အသက် ၃၃ နှစ်အရွယ်ရှိ ကြံစိုက်ပျိုးသော လယ်သမားတစ်ဦးက “ ဆန္ဒပြတောင်းဆိုနေဖို့ လိုအပ်နေတဲ့ကာလပတ်လုံး နေထိုင်ဆန္ဒပြသွားဖို့ ပြင်ဆင်ထားတယ်။” ဟု ပြောသည်။

ပြင်သစ်လယ်သမားများသည် Charles de Gaulle လေဆိပ်မြောက်ပိုင်းရှိ မိုင်အနည်းငယ်အကွာက A1 highway အမြန်လမ်းမကြီးပေါ်တွင် လမ်းများပိတ်ဆို့ကာ ဆန္ဒပြနေခြင်းဖြစ် သည်။

လယ်သမားများသည် ဆန္ဒပြရာတွင် ထွန်စက်များကို အသုံးပြုခဲ့ပြီး၊ အဓိကအမြန်လမ်းမကြီး ၇ ခုပေါ်တွင် ဆန္ဒပြနေကြောင်း သိရသည်။

လယ်သမားများ၏ လမ်းများကို ပိတ်ဆို့ဝန်းရံကာ ဆန္ဒပြမှုများကြောင့် ပဲရစ်မြို့တွင် အစားစာလိုအပ်ချက်များရှိလာနိုင်ကြောင်း မြို့ကိုလာမည့် လမ်းများကို ပိတ်ဆို့ထားခြင်းက နောက်ထပ်သုံးရက်ကြာမည်ဆိုလျှင် အစားစာ လိုအပ်ချက်များရှိလာမည်ဖြစ်ကြောင်း ဆိုထားသည်။

ကောင်းထက်ငွေ

www.npr.org

ပြင်သစ်လယ်သမားက မြို့တော်ပဲရစ်မြို့၏ ဝင်လမ်းထွက်လမ်းများကို ဒုတိယမြောက် ပိတ်ဆို့ဆန္ဒပြ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.