ပြင်သစ်နိုင်ငံတွင် လက်ယာစွန်းဆန့်ကျင်ရေးအဖြစ် လူပေါင်း ၂၅၀,၀၀၀ ကျော်ဆန္ဒပြ

ပါရီ၊ ဇွန် ၁၈

ပြင်သစ်နိုင်ငံတွင် ဇွန်လ ၁၅ ရက်နေ့က လက်ယာစွန်းဆန့်ကျင်သူ လူပေါင်းနှစ်သိန်းခွဲကျော် လမ်းမများတွင် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံတွင် လက်ယာစွန်းရောက်အဖွဲ့များ အင်အားပိုမိုကောင်းမွန်လာခြင်းကို တုံ့ပြန်နိုင်ရန်အတွက် ဆန္ဒပြပွဲများဖြစ်လာခဲ့သည်။

ပဲရစ်မြို့တွင်ဖြစ်ပွားသော ဆန္ဒပြပွဲအတွင်း လူပေါင်း ၇၅,၀၀၀ ကျော် ပါဝင်ဆန္ဒပြခဲ့ပြီး လွှတ်တော်ရွေးကောက်ပွဲအတွက် လယ်ဝဲစွန်းနိုင်ငံရေးသမားများ ညွှန်ပေါင်းအဖွဲ့စည်းတစ်ရပ် ဖွဲ့စည်းရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံတွင်ကျင်းပမည့် လွှတ်တော်ရွေးကောက်ပွဲအတွင်း လက်ယာအယူဆရှိသော နိုင်ငံရေးသမားများအနိုင်ရရန် အလားလာများလာခဲ့ပြီးနောက် ဆန္ဒပြပွဲများ ဖြစ်လာခဲ့ခြင်းဖြစ်ပြီး၊ ပဲရစ်မြို့တွင် လူပေါင်းနှစ်သိန်းခွဲကျော် ဆန္ဒပြမှုအပါအဝင် ပြင်သစ်နိုင်ငံတဝှမ်းတွင် လူပေါင်း ၆၄၀,၀၀၀ ကျော် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဆန္ဒပြပွဲတွင်ပါဝင်သော အသက် ၆၀ အရွယ်ရှိ ဆန္ဒပြသူတစ်ဦးက “ ပြင်သစ်နိုင်ငံမှာ လက်ယာနိုင်ငံရေးသမားတွေ အာဏာရမှာ ဘယ်တော့မှမတွေ့မြင်ရဘူးလို့ ထင်ခဲ့တယ်။ လက်ရှိအချိန်မှာတော့ လက်ယာနိုင်ငံရေးသမားတွေ အာဏာရဖို့ အလားလာများနေတယ်။” ဟု ပြောသည်။

ပြင်သစ်နိုင်ငံတွင်ကျင်းပမည့် လွှတ်တော်ရွေးကောက်ပွဲအတွင်း National Rally(RN) ပါတီခေါင်းဆောင် ဂျော်ဒန် ဘာဒီလာဆိုသူ အနိုင်ရရန်အလားလာများနေပြီး ဝန်ကြီးချုပ်ဖြစ်ရန် အလားလာများနေကြောင်း သိရသည်။

ဆန္ဒပြသူများသည် ပြင်သစ်နိုင်ငံကိုချစ်မြတ်နိုးပါက National Rally(RN)ပါတီကို မဲမပေးရန် ကြွေးကြော်တောင်းဆိုမှုများလည်းဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြင်သစ်ရဲတပ်ဖွဲ့သည် ဆန္ဒပြအုပ်စုများကိုလူစုခွဲရန် မီးသတ်ပိုက်များအသုံးပြုခဲ့ပြီး ဆန္ဒပြပွဲများကြောင့်လမ်းများ ပျက်စီးခဲ့ရသလို ဈေးဆိုင်များလည်းပျက်စီးခဲ့ရကြောင်း သိရ သည်။

ကောင်းထက်ငွေ

channelnewsasia.com

ပြင်သစ်နိုင်ငံတွင် လက်ယာစွန်းဆန့်ကျင်ရေးအဖြစ် လူပေါင်း ၂၅၀,၀၀၀ ကျော်ဆန္ဒပြ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.