ပျောက်ဆုံး​နေသည့် ငါးနှစ်အရွယ် ကလေးငယ်တစ်ဦး ဒညင်းကုန်းလမ်းဆုံရှိ တောင်းစား​နေသူများအဖွဲ့အနီးတွင် ပြန်​တွေ့

ရန်ကုန်၊ မတ် ၁၃

ရန်ကုန်တိုင်း၊ ​ရွှေပြည်သာမြို့နယ်၊ ဘုံရှည်ကုန်းလမ်း၊ အမှတ် (၂၅) ရပ်ကွက်တွင် မတ် ၁၂ ရက်၊ ည​နေ ၅ နာရီခွဲက ငါးနှစ်အရွယ် မိန်းက​လေးတစ်ဦး ​ပျောက်ဆုံးမှုဖြစ်ပွားခဲ့​ကြောင်း We Love Care လူမှုဘဝစောင့်ရှောက်ရေး ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါ ငါးနှစ်အရွယ် မိန်းက​လေးတစ်ဦး ​ပျောက်ဆုံး​နေမှုနှင့် ပတ်သက်၍ We Love Care လူမှုဘဝစောင့်ရှောက်ရေး ပရဟိတအသင်းက ပူး​ပေါင်းရှာ​ဖွေ​ပေးခဲ့ရာတွင် မတ် ၁၃ ရက်(ယ​နေ့) နံနက် ၁၀ နာရီက ဒညင်းကုန်းလမ်းဆုံရှိ တောင်းရမ်းစားသောက်သူအဖွဲ့အနီးတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

“ က​လေးက သူ့အ​ဖေနဲ့ ​ရွှေပြည်သာ​ကွေ့ပန်းခြံမှာ ​ဆော့ကစားရင်း ​ပျောက်ဆုံးသွားတာပါ။ ဒီက​လေးမ​လေးရဲ့အ​ဖေက ဝယ်စရာတစ်ခု ​ပြေးဝယ်ရင်း ​ပျောက်ဆုံးသွားတာပါ။ ဒါနဲ့ က​လေး​ပျောက်ဆုံး​နေမှုနဲ့ပတ်သက်ပြီး ဆက်သွယ်အကူအညီ​တောင်းခံလာတယ်။ အနီးပတ်ဝန်းကျင်က က​လေး​တွေ့ရှိသူတချို့က ဒညင်းကုန်းလမ်းဆုံက ​တောင်းရမ်းစား​သောက်သူအဖွဲ့နားမှာတွေ့ရှိတယ် ​ပြောဆိုချက်အရ သွား​ရောက်ရှာ​ဖွေရင်း ပြန်လည်​တွေ့ရှိခဲ့ပါတယ်။” ဟု We Love Care လူမှုဘဝစောင့်ရှောက်ရေး ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

ထိုသို့ တွေ့ရှိချက်နှင့် စပ်လျဥ်းပြီး ကလေးအားတွေ့ရှိသူများ၏ ပြောပြချက်အရ တောင်းရမ်းစားသောက်သူအဖွဲ့တစ်ခုမှ ခေါ်ယူသွားကြောင်း သတင်းရရှိသဖြင့် တောင်းရမ်းသူအဖွဲ့များရှိရာ လိုက်လံရှာဖွေရင်း ပြန်လည်တွေ့ရှိခဲ့​ကြောင်း သိရသည်။

အသက်ငါးနှစ်အရွယ် မိန်းက​လေး​ပျောက်ဆုံးမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများ၏ CCTV မှတ်တမ်းအားကြည့်ရှု၍ ပူး​ပေါင်းဆောင်ရွက်ခဲ့​ကြောင်း We Love Care လူမှုဘဝစောင့်ရှောက်ရေး ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

မြင့်မြတ်​အောင်မြင်

ဓါတ်ပုံ – CJ

ပျောက်ဆုံး​နေသည့် ငါးနှစ်အရွယ် ကလေးငယ်တစ်ဦး ဒညင်းကုန်းလမ်းဆုံရှိ တောင်းစား​နေသူများအဖွဲ့အနီးတွင် ပြန်​တွေ့ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.