ပျဉ်းမနားတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ဗလီငါးလုံးပြိုကျ၊ သုံးလုံးပျက်စီး၊ ၂၅ ဦးသေဆုံး

ရန်ကုန်၊ မတ် ၅

နေပြည်တော်၊ ပျဉ်းမနားမြို့တွင် အင်းအားပြင်း ၇.၇ ရှိသည့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ဗလီငါးလုံးပြိုကျခဲ့ပြီး၊ သုံးလုံးပျက်စီးကာ၊ ၂၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မတ်လ ၂၈ ရက်နေ့က၊ ပျဉ်းမနာမြို့တွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ဝတ်ပြုနေချိန်တွင် ဗလီငါးလုံးပြိုကျကာ၊ သုံးလုံးပျက်စီးခဲ့ပြီး၊ အစ္စလာမ်ဘာသာဝင်၂၅ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

“ပျဉ်းမနားထဲမှာ ဗလီစုစုပေါင်း ၁၁ လုံးရှိတယ်။ ငလျင်လှုပ်တဲ့အချိန်မှာ ဗလီငါးလုံးပြိုကျခဲ့သွားတာ။ ရှစ်လုံးထဲမှာ သုံးလုံကပျက်စီးသွားတာ၊ ဗလီတက်နေတဲ့အချိန်ဆိုတော့ ဗလီတက်ရင်း ပြိုကျပြီးပိတာ ၂၅ ယောက်သေတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းနှင့် တောင်ငူမြို့တို့တွင် ဗလီကျောင်းစုစုပေါင်း အလုံး ၆၀ နီးပါးပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ- ယနေ့ခေတ်

#ယနေ့ခေတ်

ပျဉ်းမနားတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ဗလီငါးလုံးပြိုကျ၊ သုံးလုံးပျက်စီး၊ ၂၅ ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.