ရန်ကုန်၊ ဇူလိုင် ၂၈
မွန်ပြည်နယ်၊ သထုံမြိုနယ်နှင့် ဘီးလင်းမြိုနယ်ကြား၊ မော်လမြိုင်-ရန်ကုန် ကားလမ်းမကြီးပေါ်၌ ဖောက်ခွဲခံရ၍ ပျက်စီးသွား သည့် ကျုံအိတ်တံတား၏ ယာယီဘေလီတံတားတည်ဆောက်မှုမှာ အချိန်သုံးပတ်ကျော်ခန့် ကြာမြင့်ခဲ့ကြောင်း ဒေသခံ ယာဥ်မောင်းများထံမှ သိရသည်။
အဆိုပါ ကျုံအိတ်တံတား၏ ယာယီဘေလီတံတားအား ဇူလိုင်လဆန်းပိုင်းမှစတင်ကာ တည်ဆောက်နေခဲ့ပြီး တည်ဆောက် နေစဥ်မှာပင် ၆ ကြိမ်ထက်မနည်း ဒရုန်းဗုံးဖြင့်တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်း သိရသည်။
“ တံတားကသွားလာလို့ ရတယ်၊ အရမ်းကြီး ကားမပိတ်တော့ဘူး၊ ဒါပေမယ့်လဲ ဖြတ်တဲ့အချိန်တိုင်း ကြောက်ရတာလေ ကိုယ်ဖြတ်မှပေါက်မလား၊ တံတားပဲကျိုးကျမလားဆိုပြီး ကြောက်နေရတာ” ဟု ကုန်တင်ယာဥ်မောင်းတစ်ဦးကပြောသည်။
ယာအဆိုပါ ယီဘေလီတံတားတည်ဆောက်မှုသည် အမြန်ဆုံးလုပ်ဆောင်ရသည့် လုပ်ငန်းစဥ်ဖြစ်ပြီး ရက်ပိုင်းအတွင်း အပြီး တည်ဆောက်ရခြင်းဖြစ်ရာ ယခုအခါ အခက်အခဲများကြောင့် သုံးပတ်ကျော်အထိ ကြာမြင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ အရေးပေါ်ဘေလီတံတားထိုးတာလေ အလွန့်အလွန်ဆုံးမှ တစ်ပတ်ပေါ့၊ အခုက စလုပ်ထဲက ဗုံးကြဲခံနေရတော့ မပြီးဘူး လေ၊ လုပ်လိုက်နားလိုက်နဲ့ အခုတော့ပြီးပြီ စမ်းသပ်မောင်းနှင်ခိုင်းနေပြီတဲ့၊ အခုထိတော့ မသွားဖြစ်သေးဘူး” ဟု ဒေသခံ ခရီးသည်တင်ယာဥ်မောင်းတစ်ဦးက ပြောသည်။
ကျုံအိတ်တံတားကို ဇွန် ၂၉ ရက်၊ နံနက် ၄ နာရီခန့်က မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး တံတား၏အကျယ် ထက်ဝက်ကျော်ခန့် ပြို ကျပျက်စီးမှုဖြစ်ပွားခဲ့ကာ အိမ်စီးကားနှစ်စီးပြုတ်ကျ၍ အမျိုးသားတစ်ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ယာယီဘေလီတံတားတည်ဆောက်သည့် လုပ်ငန်းစဥ်အား လုပ်ဆောင်ခဲ့ရာ ဇူလိုင် ၉ ရက်၊ နံနက် ၁၀ နာရီကျော် ခန့်တွင် အဆိုပါပြုပြင်နေသည့်နေရာအား ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရပြီး ဖြတ်သန်းသွားလာနေသည့် ဘေးတွဲဆိုင်ကယ်စီး နင်းလာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး တို့ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ဇူလိုင် ၁၂ ရက်၊ နေ့လည်ပိုင်းကလည်း ပစ်ခတ်ခံခဲ့ရပြီး ဗုံးသီးခြောက်လုံးခန့် ကျရောက်ပေါက်ကွဲခဲ့ကာ ဇူလိုင် ၁၅ ရက်၊ နေ့လည် ၁ နာရီ ၃၀ မိနစ်တွင်လည်း လောင်ချာဖြင့်ပစ်ခတ်ခြင်းခံခဲ့ရကြောင်း သိရသည်။
ထိုသို့ ပြုပြင်တည်ဆောက်နေစဥ် ဒရုန်းဗုံးများဖြင့် တိုက်ခိုက်ခဲ့သည်မှာ ၆ ကြိမ်ထက်မနည်းရှိခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအဝင် လမ်းသွားလမ်းလာဒေသခံများ၌ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
လက်ရှိတွင် အဆိုပါ ပျက်ဆီးခဲ့သည့် တံတားဘက်ခြမ်း၌ ယာယီဘေလီတံတားတည်ဆောက်မှုမှာ ဇူလိုင် ၂၅ ရက်က ပြီးစီးခဲ့ပြီးဖြစ်ရာ စမ်းသပ်မောင်းနှင်မှုများ လုပ်ဆောင်ပြီးပါက ဖြတ်သန်းသွားလာရန် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း ပြည်နယ်အစိုးရ အဖွဲ့နှင့် နီးစပ်သူထံမှ သိရသည်။
ဂျူဂျူး
ဓာတ်ပုံ – အင်တာနက်
ပျက်စီးသွားသည့် ကျုံအိတ်တံတား၏ ယာယီဘေလီတံတား တည်ဆောက်မှု အချိန် ၃ ပတ်ကျော်ကြာမြင့်ခဲ့ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်