ပဲခူးမြို့ပေါ်၌ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အသွားအလာနည်းပါးနေ ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၆

ပဲခူးမြို့ပေါ်၌ ပစ်ခတ်မှုဖြစ်ပွားခဲ့၍ လူသွားလူလာများ နည်းပါးလျက်ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ယနေ့ နိုဝင်ဘာ ၁၆ ရက်၊ နံနက်ပိုင်းတွင် ပဲခူးမြို့ပေါ်ရှိ အမှတ် (၁) ရဲစခန်းအား ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ယနေ့ခေတ်မှ စုံစမ်းသိရှိရသည်။

ရဲစခန်းအား မည်သည့်အဖွဲ့က ပစ်ခတ်ခဲ့သည်ကို မသိရသော်လည်း ပဲခူးမြို့ပေါ် ၌ ယနေ့ နေ့လည်အထိ အသွားအလာနည်းပါးလျက်ရှိနေကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

“ အမှတ် (၁) ရဲစခန်းကို မနက်ကဝင်ပစ်တာ။ တခြားတော့ တိတိကျကျ မသိရဘူး။ ကျွန်မတို့လည်း အပြင်မထွက်ဘူး။ ကျောင်းတွေကတော့ ကလေးတွေကို ကျောင်းထဲမှာ ထိန်း သိမ်းထားတယ်။ လူအသွားအလာကတော့ ရှင်းသွားတယ်။” ဟု ‌ပဲခူးမြို့ပေါ်ရှိ ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ နံနက်ပိုင်းက ရဲစခန်းအား ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပစ်ခတ်မှုများ ထပ်မံဖြစ်ပေါ်မည်ကို ဒေသခံများအကြား စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

ယနေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တို့၌ မြို့ပေါ်တွင် ပစ်ခတ်မှုများဖြစ်ပေါ်လျက်ရှိနေကာ ဒေသခံအများအပြား ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

သတင်း၊ ဓာတ်ပုံ – #စုစု

ပုံစာ – ပဲခူးမြို့တွင်းတစ်နေရာအား ပြီးခဲ့သည့်လက တွေ့ရစဉ်။

#ယနေ့ခေတ်

ပဲခူးမြို့ပေါ်၌ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အသွားအလာနည်းပါးနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.