ပဲခူးတွင် ရေခဲမုန့်ဆိုင် ဝါယာရှော့ဖြစ်ရာမှ မီးလောင်ကျွမ်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ပဲခူးတိုင်း၊ ဘုရားကြီးမြို့နယ်တွင် ရေခဲ့မုန့်ဆိုင်ရှိ Safe Guard မှတဆင့် ဝါယာရှော့ဖြစ်၍ တစ်ဆိုင်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၆ နာရီ မိ၂၀ ခန့်က ပဲခူးမြို့၊ ဘုရားကြီးမြို့နယ်၊ ရပ်ကွက်ကြီး (၃)၊ မင်းလမ်းတွင်ဖွင့်ထားသည့် ဌေးဌေးမြတ် ရေခဲ့မုန့်ဆိုင်ရှိ Safe Guard မှ ဝါယာရှော့ဖြစ်၍ တစ်ဆိုင်လုံးမီးလောင်ကျွမ်းခဲ့ကြောင်း ပဲခူးမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ရေခဲ့မုန့်ဆိုင်ကနေစပြီးတော့ Safe Guard ကနေ ဝါယာရှော့ဖြစ်ပြီး မီးစတင်လောင်တာပါ။ လူထိခိုက်မှုတော့ မရှိပါဘူး။ ဆိုင်ကတော့ တစ်ဆိုင်လုံးကုန်သွားပါတယ်။ ဘေးနားမှာရှိတဲ့ ဆိုင်တစ်ဆိုင်လည်း ပါသွားတယ်။ ဘာဆိုင်ဆိုတာတော့ မသိလိုက်ဘူးဗျ။ ဆုံးရှုံးမှုကတော့ အတိအကျပြောလို့မရသေးဘူး။” ဟု ပဲခူးမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ နေ့ခေတ်သို့ ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုသည် နံနက် ၆ နာရီ မိနစ် ၂၀မှ စတင်လောင်ကျွမ်းခဲ့ပြီး၊ နံနက် ၆ နာရီ ၅၄ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ- Credit

ယနေ့ခေတ်

ပဲခူးတွင် ရေခဲမုန့်ဆိုင် ဝါယာရှော့ဖြစ်ရာမှ မီးလောင်ကျွမ်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.