ပေါက်မြို့နယ်တွင် လယ်သမားနှစ်ဦး အသတ်ခံရ

ပေါက်၊ အောက်တိုဘာ ၂၆

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် လယ်သမားအမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

” အလောင်းတွေကို မနေ့ကတွေ့တာ။ အောက်တိုဘာ ၂၂ ရက်နေ့ကတည်းက ပစ်သတ်သွားတာလို့ သိရတယ်။ အသတ်ခံရသူတွေက အသက် ၅၀ လောက်ရှိတဲ့ ဦးကျောက်ရွှေနဲ့ အသက် ၅၀ ကျော်လောက်ရှိတဲ့ ဦးသန်းငွေတို့ပါ။ သေနတ်ကျည်ဒဏ်ရာတွေက ကိုယ်ခန္ခာအနှံ့နဲ့ သေဆုံးနေတာ။ သူတို့က လက်နက်ကိုင်တွေလည်း မဟုတ်ဘူး။ ရိုးရိုးသားသား လယ်ယာလုပ်စားနေတဲ့ လယ်သမားတွေပါ။” ဟု ဒေသခံတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသူနှစ်ဦးမှာ ပေါက်မြို့နယ်၊ ရေခါးကျေးရွာနှင့် မန်ကျည်းဂုဏ်ကျေးရွာမှဖြစ်ပြီး မည်သည့်လက်နက်ကိုင်အဖွဲ့က ပစ်သတ်သွားကြောင်းကို မသိရှိရသေး ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက်ကလည်း ပေါက်မြို့နယ်၊ ဝက်ပုတ်ကျေးရွာမှ အသက် ၆၀ ဝန်းကျင်ရှိ လေဖြတ်ဝေဒနာရှင် ဦးစံတင်ဆိုသူ သေနတ်ဖြင့် ပစ်သတ်ခံရသေးကြောင်း သိရသည်။

ထို့အပြင် အောက်တိုဘာ ၁၈ ရက်ကလည်း ပေါက်မြို့နယ်၊ ညောင်ရင်းရွာက စိတ်ကျန်းမာရေးမကောင်းသူ အသက် ၅၀ ဝန်းကျင်အရွယ် ဦးလှဝင်းအောင်ဆိုသူ ပစ်သတ်သတ်ခံရ ပြီး သေဆုံးခဲ့သေးကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ၂၀၂၃ ခု နှစ်၊ အောက်တိုဘာ ၂၄ ရက်က ထုတ်ပြန်ချက်အရ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပွားပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူပေါင်း ၄၁၅၅ ဦးအထိရှိကြောင်း သိရသည်။

ဝဏ္ဏ

#ယနေ့ခေတ်

ပေါက်မြို့နယ်တွင် လယ်သမားနှစ်ဦး အသတ်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.