ရန်ကုန်၊ နိုဝင်ဘာ ၄
ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်၊ ၃၄ လမ်းအထက်ရှိ “ Colour စိမ်း” ပုံနှိပ်တိုက်တွင် နိုဝင်ဘာ ၃ ရက်၊ မွန်းလွဲပိုင်းက အဆိုပါပုံနှိပ်တိုက်၌ အလုပ်လုပ်သူ အမျိုးသမီးတစ်ဦး အိမ်သာတက်နေရင်း မီးစက်ဆီခိုး မွန်းကြပ်မှုကြောင့် သေဆုံးသွားခဲံကြောင်း လင်းလက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“ ၃၄ လမ်းအထက်က ပုံနှိပ်တိုက်မှာ အလုပ်လုပ်နေစဥ် အိမ်သာတက်နေတာ အချိန်ကြာလာတာနဲ့ တံခါးခေါက်ကြည့်ရာ ပြန်လည်တုန့်ပြန်မှုမရှိလို့ အိမ်သာတံခါးဖျက်ပြီး လူနာကို အပြင်ထုတ်လိုက်တာ သတိမရှိ၊ တုန့်ပြန်မှုမရှိတော့ပါဘူး။ သေဆုံး body မှာ ကြာချိန် ၃၀ မိနစ်ရှိနေပြီလို့ ခန့်မှန်းသိရပါတယ်။ သေဆုံးရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးကို ကူညီပို့ဆောင်ပေးခဲ့ပါတယ်။” ဟု လင်းလက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အိမ်သာအခန်းနှင့် တွဲလျက်တွင် မီးပျက်နေချိန် မီးစက်မောင်းထားသည့်အတွက် ဆီခိုးများ မွန်းကြပ်၍ အိမ်သာအတွင်း သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
ပုံနှိပ်တိုက်တွင် အလုပ်လုပ်သူ အမျိုးသမီးတစ်ဦး မီးစက်ဆီခိုး မွန်းကြပ်မှုကြောင့် သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်