ပုသိမ်မြို့နယ်တွင် အိမ်ထောင်စုစာရင်းများ ကောက်ယူ၊ ရွေးကောက်ပွဲအတွက် ဟုဆို

ပုသိမ် ၊ မတ်လ ၂၃

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင် ရွေးကောက်ပွဲအတွက်ဟုဆိုကာ သက်ဆိုင်ရာ လဝကဝန်ထမ်းများနှင့် အုပ်ချုပ်ရေးမှူးများက အိမ်ထောင်စုစာရင်းများ လိုက်လံကောက်ခံယူနေကြောင်း ဒေသခံများထံမှ သိရသည်။

ပုသိမ်မြို့နယ်တွင် မတ်လ ဒုတိယအပတ်မှစတင်ပြီး သက်ဆိုင်ရာ လဝကဝန်ထမ်းများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် အောက်ခြေရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ရွေး ကောက်ပွဲအတွက်ဟုဆိုပြီး တစ်အိမ်တက်ဆင်း အိမ်ထောင်စုစာရင်းများ လိုက်လံကောက်ယူနေကြောင်း ဒေသခံများက ဆိုသည်။

“ ရပ်ကွက်ထဲကိုလာပြီး စာရင်းလာကောက်သွားတာ။ ထွေအုပ်၊ ရပ်ကျေးစာရေးတွေနဲ့ အုပ်ကြီးတွေကလိုက်ကောက်တာ။ ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းတွေ ကောက်ခိုင်းလို့ကောက်တာတဲ့။ အိမ်ထောင်စုစာရင်းမရှိတဲ့သူတွေနဲ့ ပျောက်ပျက်သွားတဲ့လူတွေရှိရင် အသစ်လုပ်ပေးမယ်လို့ပြောသွားတယ်။” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။

ပုသိမ်မြို့နယ်၊ ရပ်ကွက်အချို့နှင့် ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများက လုံခြုံရေးအတွက် ကွင်းမဆင်းနိုင်သဖြင့် အိမ်ထောင်စုစာရင်းများကို စနစ်တကျ ကိုယ့်အစီအစဉ်ဖြင့် ကိုယ် မိတ္တူ နှစ်ရွက်ဆွဲပြီး ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများကို ပို့ဆောင်ပေးရမည်ဟု ဆယ်အိမ်မှူး၊ ရာအိမ်မှူးများက လိုက်လံပြောဆိုနေကြောင်း သိရသည်။

“ လတ်တလောအနေနဲ့ ရွေးကောက်ပွဲလုပ်လည်း စိတ်မဝင်စားဘူး။ အကျပ်အတည်းတွေ ဒီလောက်ဖြစ်နေတာ။ အိမ်ထောင်စုစာရင်းကိုလာယူရင် ပေးလိုက်မယ်။ ထမင်းနပ်မှန်အောင် မနည်းလုပ်နေရတာ။ ဘာမှကိုစိတ်မဝင်စားဘူး။” ဟု ပုသိမ်မြို့ခံနောက် ထပ်တစ်ဦးက ပြောသည်။

ပုသိမ်မြို့နယ်တွင် ရွေးကောက်ပွဲအတွက်ဆိုကာ အိမ်ထောင်စုစာရင်းကောက်နေသည့်အပြင် ပြည်သူ့စစ်မှုထမ်းဥပဒေအရဆိုကာ လူငယ်များ၏စာရင်းများကိုလည်း မတ်လ၊ ပထမ အပတ်က လိုက်လံကောက်ယူနေသည်ဟု ဒေသခံများထံမှ သိရသည်။

ခန့်ခန့်

ယနေ့ခေတ်

ပုသိမ်မြို့နယ်တွင် အိမ်ထောင်စုစာရင်းများ ကောက်ယူ၊ ရွေးကောက်ပွဲအတွက် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.