ပုသိမ်မြို့တွင် စစ်မှုထမ်းကိစ္စဖြင့်လာသည့် နယ်မြေမှူးဆိုသူ ချောင်းရိုက်ခံရ

ပုသိမ်၊ ဧပြီ ၁

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ (၅)ရပ်ကွက်တွင် စစ်မှုထမ်းကိစ္စဖြင့်လာသည့် ဒိုဘီချောင်နယ်မြေမှူး မိုးကျော်ဦးဆိုသူသည် မတ်လ ၃၀ ရက်၊ ညနေပိုင်းက ချောင်းရိုက်ခံရပြီး အပြင်းအ ထန် ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံမှ သိရသည်။

“ အမျိုးသားတစ်ယောက်ပဲ၊ ရိုက်သွားတာ။ အလစ်ဝင်ရိုက်ခံရတာ။ အရိုက်ခံရသူက စစ်မှုထမ်းမဲနှိုက်ဖို့ကိစ္စ ရပ်ကွက်ထဲကိုလာတာလို့ သိရတယ်။ အရိုက်ခံရတာ ဒဏ်ရာကပြင်းတယ်။” ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာက အမှတ်(၅)ရပ်ကွက်နှင့် မြို့အဝင်အထွက်နေရာများ၌ မတ်လ ၃၀ ရက်နှင့် ၃၁ ရက်တွင် ဧည့်စာရင်းစစ်ဆေးခြင်း၊ နေအိမ်များအ တွင်း လိုက်လံရှာဖွေစစ်ဆေးခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ တာဝန်ရှိသူတွေက ကျူးလွန်သူကို ဖြစ်စဉ်ဖြစ်တဲ့ရပ်ကွက်နဲ့ မြို့အဝင်အထွက်နေရာတွေမှာ လိုက်ရှာနေတယ်။ ဒီနေ့လည်း စစ်ကားတွေနဲ့ လှည့်ပတ်စစ်ဆေးနေတာ။ မဲကိစ္စမှာ အခုရိုက်ခံရသူနဲ့အုပ်ကြီးက အဓိကဦးဆောင်လုပ်နေတာ။” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။

ဧရာဝတီတိုင်းသည် နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပွားပြီးနောက် တည်ငြိမ်သည့်တိုင်းတစ်ခုဖြစ်ပြီး ယခုကဲ့သို့တာဝန်ဖြင့်လာသည့် တာဝန်ရှိသူတစ်ဦး အရိုက်ခံရခြင်းသည် ပထမ ဆုံးဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

ခန့်ခန့်

ပုံ- CJ

ယနေ့ခေတ်

ပုသိမ်မြို့တွင် စစ်မှုထမ်းကိစ္စဖြင့်လာသည့် နယ်မြေမှူးဆိုသူ ချောင်းရိုက်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.