ရန်ကုန်၊ ဇန်နဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့၊ တိုးဂိတ်ပြုပြင်နေသည့်နေရာတွင် အမျိုးသားတစ်ဦး ဆိုင်တိမ်းမှောက်၍ နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယမန်နေ့၊ ည ၁၁ နာရီခန့်က ပုသိမ်ကြီးမြို့နယ်၊ လယ်ကောက်ရွာအရှေ့ဘက်၊ တိုးဂိတ်းပြုပြင်နေသည့်နေရာတွင် အသက် ၂၇ နှစ်ခန့်ရှိ အမျိုးသားတစ်ဦး ဆိုင်ကယ်တိမ်းမှောက်ခဲ့ပြီး၊ လည်ပင်းဒဏ်ရာရရှိကာ နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ဆိုင်မောင်းတဲ့သူက ဒီမြို့ကိုရောက်တာသိပ်မကြာသေးဘူး။ တိုးဂိတ်ပြင်နေတဲ့ရာကလည်း မီးကမှောင်တယ်။ လမ်းအထာကိုမသိတော့ ဆိုင်ကယ်ရောလူပါ တိုးဂိတ်ပြင်နေတဲ့ နေ ရာကြွင်းထဲကို ကျသွားတာ။ အရှိန်လွန်ပြီး။ ဒဏ်ရာက လည်ပင်းနဲ့ အုတ်နဲ့ရိုက်မိပြီး ဆုံးသွားတာ။ လည်ပင်းရိုးထိသွားပုံရတယ်။ သူ့မိသားစုတွေနဲ့လည်း အဆက်အသွယ်ရပါပြီ။” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအသင်းမှ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ-မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအသင်း
#ယနေ့ခေတ်
ပုသိမ်ကြီးမြို့နယ်၌ ဆိုင်ကယ်တိမ်းမှောက် အမျိုးသားတစ်ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်