ပုသိန်ကြီးမြို့နယ်တွင် ဆိုင်ကယ်နှစ်စီးလုယက်ခံရ အမျိုးသားနှစ်ဦး ဓားဒဏ်ရာများရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

မန္တလေးတိုင်း၊ ပုသိန်ကြီးမြို့နယ်တွင် ဆိုင်ကယ်နှစ်စီးလုယက်ခံရ၍ အမျိုးသားနှစ်ဦး ဓားဒဏ်ရာများရရှိခဲ့ပြီး လုယက်သူခြောက်ဦးမှာ လွတ်မြောက်နေကြောင်း သိရသည်။

ယမန်နေ့၊ ည ၇ နာရီ မိနစ် ၂၀ ခန့်က ပုသိန်ကြီးမြို့နယ်၊ ရွာရှည်ရွာ ၁၂၀ လမ်းတောင့်တွင် အမျိုးသားနှစ်မောင်းနှင်လာသည့် ဆိုင်ကယ်နှစ်စီးကို အမျိုးသားခြောက်ဦးက လမ်းလည်တွင်ရပ်ခိုင်းပြီး ဓာဖြင့်ခုတ်ကာ ဆိုင်ကယ်နှစ်စီးကို လုယူထွက်ပြေးသွားခဲ့ကြောင်း ဒေသခံလူမှုကယ်ဆယ်ရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

“ပထမတစ်စီးက ရွာရှည်ရွာဘက်ကိုပြန်တာ။ ပြန်တဲ့အချိန်မှာပဲ လုတဲ့ကောင်တွေက ခြောက်ယောက်တော့ရှိတယ်။ ရွာရှည်ရွာလမ်းမှာ ရပ်ခိုင်ပြီး၊ ဆိုင်ကယ်တစ်စီးပေါ်က လင်မ ယားနှစ်ယောက်က ဆိုင်ကယ်တော့ယူပါ၊ အသက်တော့ ချမ်းသာပေးပါဆိုပြီး ပြောတာလည်း မရဘူးတဲ့။ မိန်းမဖြစ်သူကတော့ ဒဏ်ရာမရဘူး။ ယောင်္ကျားဖြစ်သူက ဦးခေါင်းမှာ ဓားနဲ့ နှစ်ချက်ခုတ်ခံရတယ်။ ဒဏ်ရာတွေက စိုးရိမ်ရတယ်။ နောက်တစ်ယောက်ကလည်း အဲ့ဘက်ကိုပဲမောင်းလာတာ အဲ့ဆိုင်ကယ်ပေါ်ကလူလည်း ဓားနဲ့ခုတ်ခံရတာပဲ။ သူက လက်ကိုခုတ်ခံရတာ။ လုတဲ့သူတွေက အသက် ၂၀၊ ၂၅၊ ၁၆၊ ၁၇ အဲ့အရွယ်တွေလို့ ပြောတယ်ဗျ။ အဲ့ဘက်လမ်းတွေက ဘေးမီးလည်းမရှိ၊ လမ်းမီးလည်းမရှိဘူးဗျ။” ဟု ဒေသခံလူမှုကယ်ဆယ်ရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါလုယက်ခံရသူ အမျိုးသားနှစ်ကို မြန်ရည်နန္ဒာ လူမှုကူကယ်ဆယ်ရေးအသင်းမှ တစ်ဦးကိုဆေးရုံသို့ပိုဆောင်ပေးပြီး၊ တစ်ဦးကိုနေအိမ်သို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်၊ နေ့လည် ၁ နာရီခန့်ကလည်း ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၅၃ လမ်း၊ ၂၇ လမ်းနှင့် ၂၉ (A) လမ်းကြားတွင် Scoopy အမျိုးအစား ဆိုင်ကယ်အား အမျိုးသားတစ်ဦးစီးနင်းလာစဉ် မျက်နှာချင်းမှ ဆိုင်ကယ်နှစ်စီးဖြင့် အမျိုးသားလေးဦးက ပိတ်၍ရပ်ကာ အသင့်ယူဆောင်လာသောဓားဖြင့် ထိုးသတ်ပြီး ဆိုင်ကယ်ကို လုယက်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ-မြန်ရည်နန္ဒာလူမှုကူကယ်ဆယ်ရေးအသင်း

ယနေ့ခေတ်

ပုသိန်ကြီးမြို့နယ်တွင် ဆိုင်ကယ်နှစ်စီးလုယက်ခံရ အမျိုးသားနှစ်ဦး ဓားဒဏ်ရာများရရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.