ပုလဲမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ ၂၀,၀၀၀ ကျော် အရေးပေါ်အကူအညီ လိုအပ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် တိုက်ပွဲများကြောင့်တိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၂၀,၀၀၀ ကျော် အကူအညီလိုအပ်နေကြောင်း စစ်ဘေးရှောင်များအရေး ကူညီဆောင်ရွက်ပေးသူတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဘေးရှောင် ၂၀,၀၀၀ ကျော်သည် ပုလဲမြို့ပေါ်မှ ပြည်သူများအပါအဝင် အလယ်ဘုံ၊ မြကုန်း၊ ကုက္ကိုကုန်း၊ ကျွန်းဘိုကုန်း၊ ညောင်ကုန်း၊ ဖိုကုန်း၊ အေးကုန်း၊ ဇောင်ဂျမ်းကုန်း၊ မန်ကျည်းခွ၊ ကြိုးကြာဥ၊ ရွာသာ၊ လိန်ကုန်းကျေးရွာ၊ ရွာထင်၊ ရိုး(တောင်)၊ ရိုး(မြောက်)၊ မင်းတိုင်ပင်၊ ကြောင်သန်း၊ စေတီရုံ၊ ကံကြီး၊ နွယ်ရှောက်၊ လက်ပုကန် စသည့်ကျေးရွာ ၂၀ ခန့်က ဒေသခံအများစုပါဝင်ကြောင်း သိရသည်။

“စစ်ဘေးရှောင်တွေက နီးစပ်ရ ဘုန်းကြီးကျောင်းတွေနဲ့ တောတောင်တွေထဲမှာ ဖြစ်သလိုနေထိုင်ကြရတယ်။ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အနွေးထည်၊ စောင်တွေအပြင် ဆေးဝါးနဲ့ သောက်ရေသန့်တွေ အရေးပေါ်လိုအပ်နေတယ်။” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။

ပုလဲမြို့တိုက်ပွဲများကြောင့် နိုဝင်ဘာ ၁၁ ရက်က ဒေသခံအရပ်သား ၃ ဦးထိခိုက်သေဆုံးခဲ့ပြီး၊ ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ပုလဲမြို့ကို နစကတပ်က နိုဝင်ဘာလ ၁၄ ရက်တွင် ပြန်လည်ထိန်းချုပ်ထားကြောင်း သိရသည်။

#ခန့်ခန့်

ဓာတ်ပုံ – CJ

#ယနေ့ခေတ်

ပုလဲမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ ၂၀,၀၀၀ ကျော် အရေးပေါ်အကူအညီ လိုအပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.