ရန်ကုန်၊ နိုဝင်ဘာ ၁၇
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတွင် အရေပြားရောဂါများဖြစ်ပွားနေပြီး ဆေးဝါးမလုံလောက်သောကြောင့် အကူအညီများလိုအပ်နေကြောင်း စစ်ဘေးရှောင်အရေး ဆောင်ရွက်ပေးသူများထံမှ သိရသည်။
အဆိုပါစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်ဦးရေ ၁၄၀၀ ကျော်ရှိ ပြီး၊ အသက် ၁၀ နှစ်အောက်ကလေးများအပါအဝင် လူ ၃၀၀ ဦးကျော် အရေပြားရောဂါများဖြစ်ပွားကာ ကုသရေးအပိုင်းတွင် ဆေးဝါးမလုံလောက်ခြင်းကြောင့် ကလေးများကိုသာ ဦးစားပေးကုသပေးနေရကြောင်း စစ်ဘေးရှာင်အရေး ဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။
“ ယားနာဖြစ်လို့ ကုတ်ရင်းကနေ ထဖြစ်တာ။ တစ်ယောက်ကနေ အဆင့်ဆင့်ကူးစက်တဲ့အခြေအနေပါ။ ပြီးတော့ ဒီဘက်က အကုန်ပိတ်ဆို့နေတော့ ဖြစ်တာနဲ့ချက်ခြင်းကုသဖို့ ဆေး ဝါးမရှိဘူး။ နီးစပ်ရာကျန်းမာရေးအဖွဲ့ကို အကူအညီတောင်းပြီး ကုသနေရတာ။ ဆေးဝါးမလုံလောက်တဲ့အတွက် ကလေးတွေကို ဦးစားပေးကုသပေးနေရတယ်။” ဟု စစ်ဘေးရှောင်အရေး ဆောင်ရွက်ပေးသူတစ်ဦးက ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတွင် ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်များအပါအဝင် စစ်ဘေးရှောင် ၁၄၀၀ ကျော်အထိရှိပြီး လတ်တလောအနေဖြင့် စားနပ်ရိက္ခာနှင့် အ နွေးထည်များပါ အရေးပေါ်အကူအညီလိုအပ်နေကြောင်း သိရသည်။
ခန့်ခန့်
Photo – CJ
ယနေ့ခေတ်
ပုဏ္ဏားကျွန်း စစ်ဘေးရှောင်စခန်း၌ အရေပြားရောဂါများဖြစ်ပွား ဆေးဝါးလိုအပ်ချက်များနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်