ရန်ကုန်၊ မေ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်ရှိ ယူနက်စကို ကမ္ဘာ့အမွေအနှစ် ပုဂံယဉ်ကျေးမှုနယ်မြေကို ပြီးခဲ့သည့် ဧပြီလတစ်လအတွင်း ပြည်တွင်းခရီးသွားဧည့်သည် ၅၅,၈၄၆ ဦးဝင်ရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက မေ ၂၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်ချက်အရ သိရသည်။
“ ပြီးခဲ့တဲ့ဧပြီလထဲမှာ ပုဂံဒေသကို ပြည်တွင်းခရီးသွား ၅၄,၈၅၃ ဦးနဲ့ ပြည်ပခရီးသွား ၉၉၃ ဦး စုစုပေါင်းခရီးသွားဧည့်သည် ၅၅,၈၄၆ ဦး ဝင်ရောက်တည်းခိုခဲ့ပါတယ်။” ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ယူနက်စကို ကမ္ဘာ့အမွေအနှစ် ပုဂံယဉ်ကျေးမှုနယ်မြေကို ပြည်တွင်းခရီးသွားဧည့်သည် ၅၄,၈၅၃ ဦးနှင့် ပြည်ပခရီးသွားဧည့်သည် ၉၉၃ ဦး စုစုပေါင်း ၅၅၈၄၆ ဦးအထိ လာရောက်ခဲ့ရာ ဧပြီလတစ်လတည်း ဝင်ရောက်မှုအများဆုံးဖြစ်ကြောင်းနှင့် နေ့ချင်းပြန်ပြည်တွင်း၊ ပြည်ပခရီးသွားများလည်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အလားတူ ညောင်ဦးမြို့နယ်ရှိ ရွှေစည်းခုံစေတီတော်သို့ ပြည်တွင်းခရီးသွား ၃၅၂,၇၁၂ ဦး၊ ဗူးဘုရားသို့ ၁၉၈,၉၀၀၊ လောကနန္ဒာဘုရားသို့ ၃၉,၄၈၃ ဦးနှင့် ပုပ္ပားတောင်သို့ ပြည်တွင်း၊ ပြည်ပခရီးသွား ၃၂,၀၃၁ ဦး ယခုနှစ်အတွင်းဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ- TZ(ယနေ့ခေတ်)
ဓာတ်ပုံ – ပုဂံဘုရား
ပြီးခဲ့သည့်ဧပြီလအတွင်း ပုဂံသို့ ပြည်တွင်းခရီးသွားဧည့်သည် ငါးသောင်းကျော် ဝင်ရောက်ခဲ့ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်