ပုဂံ​ရှေး​​ဟောင်းမြို့​တော်ရှိ က​​မ္ဘောဇဘဏ် ကျပ်သိန်း ၃၀၀၀ ​ကျော် ဓါးပြတိုက်ခံရ

ရန်ကုန်၊ ဇန်နဝါရီ ၃၁

ပုဂံရှေးဟောင်းမြို့တော်ရှိ က​မ္ဘောဇဘဏ်ကို ယနေ့ နေ့လည်ပိုင်းတွင် အမည်မသိလူတစ်စုက ကျပ်သိန်း ၃၀၀၀ ​ကျော် ဓါးပြတိုက်သွားကြောင်း သိရသည်။

မန္တလေးတိုင်း​ဒေသကြီး၊ ပုဂံရှေးဟောင်းမြို့တော်ရှိ က​မ္ဘောဇဘဏ်တွင် ဇန်နဝါရီ ၃၁ ရက်၊ မွန်းတည့် ၁၂ နာရီက ကျပ်သိန်း ၃၀၀၀ ​ကျော်အား အမည်မသိလူတစ်စုက ဝင်​​ရောက်ဓါးပြတိုက်ခံသကြောင်း ပုဂံ​ရှေး​ဟောင်းမြို့​တော် အုပ်ချုပ်​ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

“ အမည်မသိလူတစ်စုက က​​မ္ဘောဇဘဏ်ထဲကို ​ငွေထုတ်မယ့်သူ အ​ယောင်​ဆောင်ပြီး ဝင်လာကြတယ်။ ဘဏ်ထဲ​ရောက်​တော့ ​​ငွေကိုင်​ကောင်တာမှာရှိတဲ့ ဝန်ထမ်း​တွေကို ​သေနတ်​တွေနဲ့ထောက်ပြီး ​ကျပ်သိန်း ၃၀၀၀ ​ကျော်​လောက်ကို ပီရံအိတ်​​တွေနဲ့ ထုတ်ပိုးသယ်​ဆောင်သွားကြတာ စီစီတီဗွီမှတ်တမ်း​အရ ​တွေ့မြင်ခဲ့ရပါတယ်။ သက်ဆိုင်ရာက အမြန်ဆုံး ဖမ်း ဆီးရမိ​ရေးအတွက် ​ဆောင်ရွက်​နေပါတယ်” ဟု ပုဂံ​ရှေး​ဟောင်းမြို့​တော် အုပ်ချုပ်​ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါ ပုဂံ​ရှေး​ဟောင်းမြို့​တော်ရှိ က​မ္ဘောဇဘဏ် ဓါးပြတိုက်ခံရမှုဖြစ်နှင့် ပတ်သက်၍ သက်ဆိုင်ရာမှ အမြန်ဆုံး ဖမ်းဆီးရမိ​ရေးအတွက် စုံစမ်းနေဆဲဖြစ်​ကြောင်း သိရသည်။

မြင့်မြတ်အောင်မြင်

ပုဂံ​ရှေး​​ဟောင်းမြို့​တော်ရှိ က​​မ္ဘောဇဘဏ် ကျပ်သိန်း ၃၀၀၀ ​ကျော် ဓါးပြတိုက်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.