ပီလခတ်နွားလွှတ်ပွဲတော်သို့ လူထောင်နှင့်ချီလာရောက်ဆင်နွှဲ

ရန်ကုန်၊ ဇန်နဝါရီ ၁၇

(၁၆၁) ကြိမ်မြောက် ဟိန္ဒူရိုးရာ နွားလွှတ်ပွဲတော်ကို ယမန်နေ့(ဇန်နဝါရီ ၁၆)ရက်က ကျောက်တန်းမြို့နယ်ရှိ ပီလခတ် စရီ အန်ဂါလဲ အီ(စ်)ဝရီ-စရီ မဟာမူနီ(စ်)ဝရရ် ဟိန္ဒူဘုရားကျောင်းတော်တွင် ကျင်းပခဲ့သည်။

အဆိုပါပွဲတော်သို့ လူပေါင်းထောင်နှင့်ချီပါဝင်ဆင်နွှဲခဲ့ပြီး နွားအကောင်ရေ ၁၀၀ ကျော်လွှတ်ပေးခဲ့ကြောင်း သိရသည်။

“ ဒီနှစ်က လူပိုများတယ်။ ပွဲတော်က မနှစ်ကထက်ပိုစည်တယ်လို့ ပြောလို့ရတယ်။ ကိုဗစ်ကာလမှာလည်း လုံးဝရပ်ထားတာမရှိဘူး။ နှစ်စဉ်ရိုးရာမပျက် ကျင်းပတယ်။ လွှတ်တဲ့နွားအ ကောင်ရေ နည်းတာနဲ့ များတာပဲကွာတယ်။” ဟု ဘုရားကျောင်းမှ ဂေါပကအဖွဲ့ဝင်တစ်ဦးက‌ ယနေ့ခေတ်သို့ ပြောသည်။

ယင်းနွားလွှတ်ပွဲတော်တွင် နွားလိုက်ဖမ်းသူထဲမှ နှစ်ဦးသည်နွားဝှေ့ခံရခြင်းကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံဆေးခန်းသို့ပို့ဆောင်၍ ဆေးကုသပေးနေကြောင်း သိရသည်။

ထို့အပြင် လာရောက်သူအလွန်များပြားခဲ့ပြီး ပစ္စည်းလုယက်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုဖြစ်စဉ်များကိုနမူနာယူ၍ လာမည့်နှစ်များတွင် သတိထားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

သတင်း/ဓာတ်ပုံ – #စုစု

#ယနေ့ခေတ်

ပီလခတ်နွားလွှတ်ပွဲတော်သို့ လူထောင်နှင့်ချီလာရောက်ဆင်နွှဲ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.