ပို့ကုန်ဝင်ငွေအများဆုံးရရှိသည့် စက်မှုကုန်ချောတင်ပို့မှု ယခုဘဏ္ဍာနှစ်တွင် လျော့ကျ

ရန်ကုန်၊ နိုဝင်ဘာ ၂၈

ပြည်ပပို့ကုန်ဝင်ငွေ အများဆုံးရရှိနေသည့် စက်မှုကုန်ချောတင်ပို့မှုသည် ယခုဘဏ္ဍာနှစ်တွင် လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများ အရ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီလ ၁ ရက်မှ နိုဝင်ဘာလ ၁၇ ရက်အထိ ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅ ဒဿမ ၈၆ ဘီလီယံကျော် ရရှိထားခြင်းဖြစ်သည်။

အလားတူ ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ် လာ ၇ ဒသမ ၃၈ ဘီလီယံ ရရှိထားပြီး နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် လျော့ကျ နေကြောင်း အဆိုပါစာရင်းများအရ သိရသည်။

“ ပြောရရင် အထည်တင်ပို့မှုက လျော့ကျနေတယ်။ လုပ်သားအင်အားကလည်း နည်းတယ်။ ပြည်ပထွက်ပြီး အလုပ်လုပ်ကြတာများတော့ လုပ်သားရှားပါးတာပေါ့။ အဲဒါကြောင့် လည်း သိပ်မချုပ်နိုင်ကြဘူး။ ပြောရရင် အမှာစာရရှိမှုကလည်း နည်းသွားတယ်။” ဟု အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

စက်မှုကုန်ချောတင်ပို့မှုတွင် ချုပ်ပြီးအထည်တင်ပို့မှု၊ သကြား၊ သဘာဝဓာတ်ငွေ့နှင့် အခြားစက်မှုကုန်ကြမ်းပစ္စည်းများကို တင်ပို့လျက်ရှိကြောင်း၊ ပြည်ပသို့ မြန်မာနိုင်ငံမှ လယ် ယာထွက်ပစ္စည်း၊ တိရိစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းနှင့် အခြားပစ္စည်းများကို တင်ပို့နေပြီး စက်မှုကုန် ချောတင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အများဆုံးရရှိထားခြင်းဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ အဓိကပြည်ပပို့ကုန် (၁၀) မျိုးတွင် စက်မှုကုန်ချော တစ်ခုဖြစ်သည့် ချုပ်ပြီးအထည်တင်ပို့မှုသည် ပထမနေရာတွင် ရှိနေကြောင်းလည်း သိရသည်။

#စုစု

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

ပို့ကုန်ဝင်ငွေအများဆုံးရရှိသည့် စက်မှုကုန်ချောတင်ပို့မှု ယခုဘဏ္ဍာနှစ်တွင် လျော့ကျ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.