ပို့ကုန်လုပ်ငန်းရှင်များကို ငွေကြေးနှင့် အခွန်သက်သာခွင့်ပေးရန် စီစဉ်နေ

ရန်ကုန်၊ အောက်တိုဘာ ၂၆

ပို့ကုန်လုပ်ငန်းရှင်များကို အခွန်သက်သာခွင့်နှင့် ငွေကြေးပိုင်းဆိုင်ရာ တင်းကြပ်မှုအချို့ ဖြေလျှော့ပေးဖို့ စီစဉ်နေကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

မြန်မာနိုင်ငံအတွက် နိုင်ငံခြားသုံးငွေများ ရှာဖွေပေးနေသော ပို့ကုန်လုပ်ငန်းရှင် Exporter များအတွက် အထူးအခွင့်အရေးများ ခွင့်ပြုဆောင်ရွက်ပေးနိုင်ရန် စီစဉ်နေကြောင်း ကုန် သည်/စက်မှုအသင်းချုပ်မှ အသိပေးထားသည်။

“ ဒါနဲ့ပတ်သက်ပြီး အခုထိတော့သီးခြားမရှိသေးပါဘူး။ အခုထိတော့ ပို့ကုန်လုပ်ငန်းရှင်တွေက လိုင်စင်တွေကို လုပ်တဲ့နေရာမှာ ကြာနေတာပေါ့။ လိုင်စင်ကို ဦးစားပေးချပေးဖို့ ကျွန်တော်တို့ တင်ပြဖို့ရှိတယ်။” ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပြည်ပသို့ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရန် ပို့ကုန်လုပ်ငန်းရှင်များကို ပထမအချက်အဖြစ် အခွန်ဆိုင်ရာ သက်သာခွင့်ပေးရန်၊ ဒုတိယအချက်အနေဖြင့်ငွေကြေးပိုင်းဆိုင်ရာ မက်လုံးပေး ဆွဲဆောင်ရန် အစီအစဉ်ရှိနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံ၊ နှမ်း၊ ပြောင်း၊ ဆန် ၊ ရာဘာ၊ ရေထွက်ကုန်အမျိုးမျိုး၊ သစ်သီးဝလံနှင့် CMP ကဏ္ဍတို့သည် အဓိကပို့ကုန်အဖြစ် အများဆုံးတင်ပို့လျက်ရှိ သည့် ကုန်စည်အမယ်များလည်းဖြစ်သည်။

သို့သော် ပို့ကုန်လုပ်ငန်းရှင်အများစုသည် ပို့ကုန်ရငွေ၏ ၅၀ ရာခိုင်နှုန်းအား ဗဟိုဘဏ်သတ်မှတ်နှုန်း တစ်‌ဒေါ်လာလျှင် ကျပ် ၂,၁၀၀ ဖြင့် လဲလှယ်ရန် သတ်မှတ်ပြီးနောက်တွင် ပို့ ကုန်ရငွေများ ပြန်လည်မပေးသွင်းသည့် လုပ်ငန်းရှင်များလည်းရှိကြောင်း သိရသည်။

စုစု

ဓာတ်ပုံ – world bank

#ယနေ့ခေတ်

ပို့ကုန်လုပ်ငန်းရှင်များကို ငွေကြေးနှင့် အခွန်သက်သာခွင့်ပေးရန် စီစဉ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.