ပိတ်ထားရသည့် မြစ်ကြီးနား-ဆင်ဘို အမြန်ရေယာဉ်လိုင်းများ ပြေးဆွဲနိုင်ခြင်းမရှိသဖြင့် ဒေသခံများအခက်အခဲဖြစ်နေ

ရန်ကုန်၊ မေ ၂၃

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဆင်ဘိုပြေးဆွဲနေသည့် အမြန်ရေယာဉ်လိုင်းများကို လက်ရှိအချိန်ထိ ပြေးဆွဲနိုင်ခြင်းမရှိသေးသဖြင့် ဒေသခံများ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရ သည်။

“ KIA/PDF ပူးပေါင်းအဖွဲ့နဲ့ နစကတပ်တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီးနောက် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၀ ရက်မှစတင်ပြီး ယနေ့အထိ မြစ်ကြီးနား-ဆင်ဘို ရေလမ်းကြောင်းခရီးကို သွားလာခွင့်ပိတ်ထားခဲ့ခြင်းဖြစ်သည်။

“ လက်ရှိအချိန်အထိ ခရီးသွားနဲ့ ကုန်စည်ပို့ဆောင်ခြင်းလုပ်ငန်းတွေ ရပ်တန့်နေတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများသည် ရေလမ်းခရီးအသုံးပြု၍မရဘဲ ကုန်စည်သယ်ယူမှုခက်ခဲနေသည့်အပြင် လတ်တလောတိုက်ပွဲများဖြစ်ပွားနေသည့်အတွက် နီး စပ်ရာကျေးရွာများမှတစ်ဆင့် မြစ်ကြီးနားမြို့ပေါ်သို့ ခက်ခက်ခဲခဲစစ်ဘေးရှောင်ရန် ထွက်ပြေးခဲ့ရသူများရှိနေကြောင်း သိရသည်။

“ ဟုတ်ပါတယ် မြစ်ကြီးနား-ဆင်ဘို ရေလမ်းကြောင်းနဲ့ ပို့ ဆောင်ရေးပြေးဆွဲနေတဲ့ အမြန်ယာဉ်တွေ ဒီကနေ့အထိ ပြေးဆွဲခြင်းမရှိ ရပ်နားနေရတယ်။ အဓိကကတော့ ဆင်ဘိုမှာတိုက်ပွဲတွေဖြစ်နေတော့ သွားလာဖို့အန္တရာယ်ရှိတယ်။ အဲ့ဒါကြောင့် အခုထိပြေးဆွဲတာ မရှိသေးတာ။ ဘာတွေဖြစ်ဖြစ် ပြည်သူတွေကတော့ အဓိကဒုက္ခရောက်တာပေ့ါ။” ဟု ရေ ယာဉ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အဆိုပါရေလမ်းကြောင်းကိုအသုံးပြုပြီး နေ့စဉ်သွားလာနေသည့်ခရီးသည်များ၊ ကုန်စည်သယ်ယူရေးလုပ်ငန်းများ၊ ဒေသအတွင်း အရေးပေါ်အခြေအနေများတွင် ထိခိုက်ခက်ခဲမှုများဖြစ်ပေါ်နေသဖြင့် မြစ်ကြီးနား-ဆင်ဘိုရေလမ်းခရီးကို အမြန်ဆုံးဖွင့်လှစ်ပေးနိုင်ရန် ဒေသခံများမှမျှော်လင့်နေကြာင်း သိရသည်။

ခန့်ခန့်

ယနေ့ခေတ်

ဓာတ်ပုံ- CJ (ယခင်ပုံဟောင်း)

ပိတ်ထားရသည့် မြစ်ကြီးနား-ဆင်ဘို အမြန်ရေယာဉ်လိုင်းများ ပြေးဆွဲနိုင်ခြင်းမရှိသဖြင့် ဒေသခံများအခက်အခဲဖြစ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.