ပါရှန်ပင်လယ်ကွေ့ကို အာရေဗျပင်လယ်ကွေ့ဟု ပြောင်းလဲရန် ဒေါ်နယ်ထရမ့်စီစဉ်နေ ဟုဆို

ဝါရှင်တန်၊ မေ ၇

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် လာမည့်သီတင်းပတ်တွင် ဆော်ဒီအာရေဗျနိုင်ငံသို့သွားရောက်မည့် ၎င်း၏ခရီးစဉ်အတွင်း ပါရှန်ပင်လယ်ကွေ့အား အာရေဗျပင်လယ်ကွေ့အဖြစ် ရည်ညွှန်းမည်ဖြစ်ကြောင်း အမေရိကန်အရာရှိနှစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အီရန်နိုင်ငံသည် ပင်လယ်ကွေ့နှင့် သမိုင်းဝင်ဆက်နွှယ်မှုကို ဆက်လက်ထိန်းသိမ်းထားလိုသော်လည်း အာရပ်နိုင်ငံများသည် အီရန်တောင်ပိုင်းကမ်းရိုးတန်းရှိ ရေပြင်ပထဝီဝင်အမည်ကို ပြောင်းလဲရန် တွန်းအားပေးခဲ့ကြသည်။

အဆိုပါကိစ္စကို အမည်မဖော်လိုသည့် အမေရိကန်အရာရှိနှစ်ဦးသည် အင်္ဂါနေ့က The Associated Press နဲ့ ဆွေးနွေးပြောဆိုခဲ့သည်။ အိမ်ဖြူတော်နှင့် အမျိုးသားလုံခြုံရေးကောင်စီတို့ကမူ မှတ်ချက်ပေးရန်တောင်းဆိုမှုများကို ချက်ချင်းတုံ့ပြန်ခြင်းမရှိပေ။

အာရေဗျပင်လယ်ကွေ့ကို အရှေ့အလယ်ပိုင်းရှိ နိုင်ငံအများအပြားက လွှမ်းမိုးထားသော်လည်း ပါရှန်ပင်လယ်ကွေ့သည် ၁၆ ရာစုကတည်းက ကျယ်ကျယ်ပြန့်ပြန့် လူသိများလာခဲ့သည်။ အီရန်(ယခင် ပါရှား)အစိုးရသည် Google မြေပုံများတွင် အဆိုပါရေပြင်တည်ရှိရာနေရာကို နာမည်မတပ်ရန် ဆုံးဖြတ်ချက်ကြောင့် Google ကို ၂၀၁၂ ခုနှစ် ကတရားစွဲမည်ဟု ခြိမ်းခြောက်ခဲ့သည်။

အမေရိကန်ရှိ Google Maps တွင် ရေပြင်တည်ရှိရာနေရာကို ပါရှန်ပင်လယ်ကွေ့ (အာရပ်ပင်လယ်ကွေ့) အဖြစ်ပေါ်လာသည်။ Apple Maps က ပါရှန်ပင်လယ်ကွေ့ဟုသာ သတ် မှတ်ထားသည်။

အမေရိကန်စစ်တပ်သည် ပါရှန်ပင်လယ်ကွေ့အား အာရေဗျပင်လယ်ကွေ့အဖြစ် နှစ်ပေါင်းများစွာ တစ်ဖက်သတ်ရည်ညွှန်းပြောဆိုခဲ့ပြီး ထုတ်ပြန်ချက်များနှင့် ရုပ်ပုံများတွင် ဖော်ပြထားခဲ့သည်။

ပါရှန်းအင်ပါယာအဖြစ် ရှည်လျားသောသမိုင်းကြောင်းကို လက်ခံယုံကြည်သော အီရန်နိုင်ငံသားများအတွက် ရေပြင်တည်ရှိရာနေရာ၏အမည်သည် ခံစားချက်ပြဿနာတစ်ခုဖြစ်လာသည်။

ရေလမ်းအတွက် အာရေဗျပင်လယ်ကွေ့ဟူသော ထရမ့်၏အသုံးအနှုန်းသည် ၂၀၁၇ ခုနှစ်တွင် စတင်ပေါ်ပေါက်လာခဲ့သည်။ ထိုအချိန်ကအီရန်သမ္မတ Hassan Rouhani က ထရမ့်သည် ပထဝီဝင်ကိုလေ့လာရန်လိုအပ်သည်ဟု အကြံပြုခဲ့သည်။

အီရန်၏လက်ရှိနိုင်ငံခြားရေးဝန်ကြီးကလည်း အရှေ့အလယ်ပိုင်းရေလမ်းအမည်များသည် မည်သည့်နိုင်ငံမှပိုင်ဆိုင်သည်ဟု မဆိုလိုသော်လည်း လူသားမျိုးနွယ်စု၏ စုပေါင်းအမွေ အနှစ်ကိုလေးစားမှု၏ ရောင်ပြန်ဟပ်မှုဖြစ်သည်” ဟု ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

Ref: AP

#ယနေ့ခေတ်

ပါရှန်ပင်လယ်ကွေ့ကို အာရေဗျပင်လယ်ကွေ့ဟု ပြောင်းလဲရန် ဒေါ်နယ်ထရမ့်စီစဉ်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.