ဆစ်ဒနီ၊ မေ ၂၅
ပါပူဝါဂီနီနယူးဂီနီနိုင်ငံတွင် မေလ ၂၄ ရက်နေ့တွင်ဖြစ်ပွားခဲ့သော မြေပြိုမှုများကြောင့် အနည်းဆုံးလူပေါင်း ၃၀၀၀ ကျော် ပျောက်ဆုံးလျက်ရှိနေကြောင်း သိရသည်။
ပါပူဝါဂီနီ နယူးဂီနီနိုင်ငံမြောက်ပိုင်းတွင် ရုတ်တရက်မြေပြိုမှုများဖြစ်လာခဲ့ပြီးနောက် တောတောင်ဒေသတစ်လျှောက်ရှိကျေးရွာ အနည်းဆုံး ၇ ခုပျက်စီးသွားခဲ့ကြောင်း သိရသည်။
ရုပ်သံဖိုင်ထဲတွင် ကျေးရွာတစ်ရွာလုံး အလုံးစုံပျက်စီးသွားခဲ့ပြီး၊ ကျောက်တုံးများ၊ နွံ့များအောက်သို့ ရောက်ရှီသွားခဲ့သည်။ သစ်ပင်များလည်း လဲကျခဲ့ကြောင်း သိရသည်။
မြေပြိုမှုများကြောင့် အိမ်ပေါင်းဒါဇင်ချီ ပျက်စီးဆုံးရှုံးခဲ့ရပြီး၊ လမ်းများလည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။
အဆိုပါ မြေပြိုမှုကြောင့် လူပေါင်းအနည်းဆုံး ၁၀၀ ကျော်သေဆုံးထားပြီး၊ သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာမည်ကို စိုးရိမ်နေကြောင်း သိရသည်။
Enga မြို့ ဒေသခံတစ်ဦးက အဆိုပါသဘာဝဘေးအန္တရာယ်မျိုး ယခင်တုန်းကမကြုံခဲ့ဖူးကြောင်း ဆိုသည်။
အဆိုပါမြေပြိုမှုဖြစ်ပွားချိန်တွင် လူအများစုအိပ်ပျော်နေချိန်ဖြစ်သည့်အတွက် ထွက်ပြေးချိန်မရဘဲ မြေကြီးထဲအောက်ရောက်ရှိသွားခြင်းဖြစ်ကြောင်း သိရသည်။
ပါပူဝါ နယူးဂီနီ ကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သော ဂျာနက် ဖီလီမွန်က မြေပြိုမှုကြောင့် သေဆုံး၊ ပျောက်ဆုံးသူအရေအတွက်သည် ဆက်လက်မြင့်တက်လာဖွယ်ရှိနေပြီး အနည်းဆုံးအရေအတွက် ၁၀၀ ဦးနှင့်အထက်ရှိမည်ဖြစ်ကြောင်း ခန့်မှန်းပြောဆိုထားသည်။
မြေပြိုမှုကြောင့် အမြန်လမ်းမကြီး၏လမ်းပိုင်းအချို့ ပျက်စီးပိတ်ဆို့နေပြီး မြေပြိုမှုဖြစ်ပွားရသော အသေးစိတ်အခြေနေများကို မသိရသေးကြောင်း၊ အဆိုပါအရပ်ဒေသသည် မိုးသည်းထန်စွာရွာသွန်းမှု မကြာခဏဖြစ်ပွားသောအရပ်ဒေသဖြစ်ကြောင်း သိရသည်။
ပါပူဝါဂီနီ ဝန်ကြီးချုပ် ဂျိန်းမာရက်ပီက ၎င်းတို့အစိုးရအဖွဲ့အနေဖြင့် မြေပြိုမှုဖြစ်ပွားသောအရပ်ဒေသသို့ ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ထားကြောင်း၊ မြေပြိုမှုကြောင့် သေဆုံး၊ ပျောက်ဆုံးနေသူများ၏ ရုပ်အလောင်းများကို အရှိန်မြင့်ရှာဖွေမည်ဖြစ်ကြောင်း ပြောသည်။
ထိုအပြင် သေဆုံးသွားသူများ၏မိသားစုများအတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း၊ ပျက်စီးသွားသောအခြေခံအဆောက်အဦးများကိုလည်း အမြန်ဆုံးပြန်လည်ပြုပြင်တည်ဆောက်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မာရက်ပီက ထပ်မံပြောဆိုထားသည်။
အဆိုပါမြေပြိုမှုကြောင့် သေဆုံးသူအရေအတွက်က လက်ရှိထက်ပိုမိုမြင့်တက်လာမည်ကို စိုးရိမ်မှုများရှိနေကြောင်း ပါပူဝါဂီနီအခြေစိုက် မီဒီယာများက ဖော်ပြထားသည်။
အဆိုပါမြေပြိုမှုသည် လူများအိပ်ပျော်နေချိန်ဖြစ်သော နံနက် ၃ နာရီ ဝန်းကျင်တွင် ဖြစ်ပွားခဲ့ပြီး အိမ်ပေါင်း ၁၀၀ကျော် မြေကြီးအောက်ရောက်ရှိသွားကြောင်း၊ ကယ်ဆယ်ရေးသ မားများသည် ပိတ်မိနေသူများနှင့် ရုပ်အလောင်းများကို ပြန်လည်ရှာဖွေနိုင်ရန် အခက်ခဲများကြားမှ ရုန်းကန်နေရဆဲဖြစ်ကြောင်း သိရသည်။
ကောင်းထက်ငွေ
bbc.com/news
ပါပူဝါဂီနီနိုင်ငံတွင် မြေပြိုမှုကြောင့် အနည်းဆုံးလူပေါင်း ၃၀၀၀ ကျော် ပျောက်ဆုံးနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်