ပါကစ္စတန်ရွေးကောက်ပွဲရလဒ်များကို အလုံးစုံထုတ်ပြန်ခြင်းမရှိသေးသည့်အတွက် အငြင်းပွားမှုအရှိန်မြင့်တက်နေ

အစ္စလာမာဘတ်၊ ဖေဖော်ဝါရီ ၁၂

ပါကစ္စတန်နိုင်ငံတွင် ဖေဖော်ဝါရီ ၁၀ ရက်နေ့က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် အကျဉ်းကျနေသည့် ဝန်ကြီးချုပ်ဟောင်း အီရန်ခန်း ဦးဆောင်သောပါတီက အနိုင်ရခဲ့ပြီးနောက် အစိုးရအဖွဲ့စည်းရန် စီစဉ်နေကြောင်း သိရသည်။

ပြီးခဲ့သောရက်ပိုင်းက ကျင်းပခဲ့သော ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်ပြီး အငြင်းပွားမှုများရှိနေပြီး ဝန်ကြီးချုပ်ဟောင်း အီရန်ခန်းဦးဆောင်သော ပါတီနှင့် ဝန်ကြီးချုပ်ဟောင်း နာဝက်ရှာရစ် ဦးဆောင်သော ပါတီတို့က ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ကြောင်း အသီးသီးကြေညာထားသည်။

ပါကစ္စတန် ရွေးကောက်ပွဲကော်မရှင်သည် ရလဒ်များကို လက်ရှိအချိန်အထိ အပြီးသတ်ကြေညာနိုင်ခြင်းမရှိသေးရာ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး အငြင်းပွားမှုများ၊ တင်းမာမှုများ ပိုမိုဖြစ်လာမည်ကို စိုးရိမ်နေကြောင်း သိရသည်။

အီရန်ခန်းဦးဆောင်သော Pakistan Tehreek-Insaf (PTI) က နိုင်ငံတဝှမ်း ဆန္ဒပြပွဲများပြုလုပ်ရန် တောင်းဆိုခြင်းများရှိနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါပါတီက ရွေးကောက်ပွဲရလဒ်များကို ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ အပြီးသတ်ကြေညာနိုင်ခြင်းမရှိပါက နိုင်ငံတဝှမ်း ရွေးကောက်ပွဲရလဒ်များ အမြန်ဆုံးထုတ်ပေးရန်အတွက် အစိုးရရုံးအပြင်ဘက်တွင် ဆန္ဒပြပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

အီရန်ခန်း၏ ဝန်ကြီးဟောင်းတစ်ဦးဖြစ်သော Taimur Khan Jhagra က “ ဒီလိုမျိုးတွေ ဖြစ်လာမယ်လို့ ဘယ်တော့မှ မမျှော်လင့်ခဲ့ဘူး။” ဟု ပြောသည်။

ပါကစ္စတန် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံရေးပါတီများ စုစည်းညွှတ်စွာနှင့် မင်းမဲစရိုက်ဆန်သောလုပ်ရပ်များ မလုပ်ဆောင်ကြရန် တိုက်တွန်းထားကြောင်း သိရသည်။

ထိုအပြင် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်ဟု ကြေညာထားသော ဝန်ကြီးချုပ်ဟောင်း နာဝက်ရှာရစ်ကလည်း ညွှန်ပေါင်းအစိုးရဖွဲ့စည်းရန် စီစဉ်နေပြီး ပါတီကြီးနှစ်ခု အပြိုင်ကြိုး ပမ်းနေကြောင်း သိရသည်။

ကောင်းထက်ငွေ

reuters.com

ပါကစ္စတန်ရွေးကောက်ပွဲရလဒ်များကို အလုံးစုံထုတ်ပြန်ခြင်းမရှိသေးသည့်အတွက် အငြင်းပွားမှုအရှိန်မြင့်တက်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.