ပါကစ္စတန်နိုင်ငံကို တိုက်ခိုက်ခြင်းများအတွက် အီရန်နိုင်ငံ အကျိုးဆက်များ ပြန်ရင်ဆိုင်ရမည်ဟု ပါကစ္စတန်အစိုးရ သတိပေး

ကာရာချိ၊ ဇန်နဝါရီ ၁၇

ဘလိုချီစတန်ပြည်နယ်ကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခြင်းနှင့်ပတ်သက်ပြီး အီရန်နိုင်ငံကို ပါကစ္စတန်အစိုးရက ဝေဖန်ပြစ်တင်လိုက်ကြောင်း သိရသည်။

အီရန်စစ်တပ်သည် ဒီဇင်ဘာ ၁၅ ရက်နေ့က ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့ကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ပါကစ္စတန်နိုင်ငံရှိ လက်နက် ကိုင်အဖွဲ့ကို တိုက်ခိုက်ခဲ့ရာ ပါကစ္စတန်အစိုးရက ဒေါသဖြစ်ခဲ့ရကြောင်း သိရသည်။

ပါကစ္စတန်အစိုးရက အီရန်စစ်တပ်၏ တိုက်ခိုက်မှုများသည် ပါကစ္စတန်နိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုများကို ချိုးဖောက်ခြင်းဖြစ်ပြီး တစ်ဖတ်သတ်လုပ်ရပ်မျိးဖြစ်ကြောင်း ဝေဖန်ထားသည်။

အီရန်စစ်တပ်က ပါကစ္စတန်အခြေစိုက် လက်နက်ကိုင်အဖွဲ့သည် ပြီးခဲ့သောနှစ်က အီရန်ရဲတပ်ဖွဲ့ဝင် ဒါဇင်ချီသေဆုံးစေခဲ့သော တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ကြောင်း ပြောဆိုခဲ့ သည်။

ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက “ ပါကစ္စတန်ပိုင်နက်အတွင်း တိုက်ခိုက်မှုအပြင် ပါကစ္စတန် လေကြောင်းပိုင်နက်တွေကို တိုက်ခိုက်ခဲ့တဲ့လုပ်ရပ်ကို ပြစ်တင်ရှုတ်ချပါတယ်။ အီရန်ရဲ့တိုက်ခိုက်မှုတွေကြောင့် မိန်းကလေးသုံးဦး ဒဏ်ရာရခဲ့တယ်။ ကလေးနှစ်ဦး သေဆုံးခဲ့တယ်။ ပါကစ္စတန်နိုင်ငံရဲ့ ပိုင်နက်တွေကို တိုက်ခိုက်ခြင်းအတွက် ဆိုးရွားတဲ့အကျိုးဆက် တွေ ရင်ဆိုင်ရမယ်။” ဟု ပြောသည်။

ပါကစ္စတန်အစိုးရက အီရန်စစ်တပ်၏လုပ်ရပ်က အပြန်အလှန်ယုံကြည်မှုများကို ထိခိုက်စေခဲ့ပြီး၊ ဆိုးရွားသောသက်ရောက်မှုများ ဖြစ်လာစေနိုင်ကြောင်း ဆိုသည်။

အီရန်စစ်တပ်က ပါကစ္စတန်အခြေစိုက် လက်နက်ကိုင်အဖွဲ့၏ အခြေစိုက်စခန်းများကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ပါကစ္စတန်သည် အီရန်၏တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး အီရန်သံရုံးတာဝန်ရှိသူများကို ခေါ်ယူကန့်ကွက်ထားပြီး သတိပေးခဲ့ကြောင်း သိရသည်။

အီရန်ကတော့ ၎င်းတို့အနေဖြင့် နိုင်ငံအကျိုးစီးပွားကို ကာကွယ်ရန်အတွက် အကြမ်းဖက်အဖွဲ့စည်းများကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောသည်။

ကောင်းထက်ငွေ

trtworld.com

ပါကစ္စတန်နိုင်ငံကို တိုက်ခိုက်ခြင်းများအတွက် အီရန်နိုင်ငံ အကျိုးဆက်များ ပြန်ရင်ဆိုင်ရမည်ဟု ပါကစ္စတန်အစိုးရ သတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.