ပန်းလှိုင်ဂေါက်ကွင်းအနီး ရန်ကုန်မြစ်အတွင်း စက်လှေတစ်စီးမီးလောင်

ရန်ကုန်၊ ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်ဂေါက်ကွင်းအနီး၊ ရန်ကုန်မြစ်အတွင်းတွင် ဇွန် ၁၂ ရက်၊ မွန်းလွဲ ၂ နာရီ ၃၇ မိနစ်က စက်​လှေတစ်စီး မီး​လောင်မှုဖြစ်ပွားခဲ့​ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ထူးထက်​အောင် (၅၀၄) ငါးဖမ်းစက်​လှေသည် ပန်းလှိုင်​ဂေါက်ကွင်းအနီးရှိ ရန်ကုန်မြစ်အတွင်း ကမ်းကပ်ရန်သွား​နေချိန် အင်ဂျင်အပူလွန်ကဲပြီး မီး​လောင်မှုဖြစ်ပွားခဲ့​ကြောင်း သိရ သည်။

“ မွန်းလွဲ ၂ နာရီခွဲပြီးကတည်းက ရန်ကုန်မြစ်အတွင်းမှာ စက်​လှေမီး​လောင်တာပါ။ စက်​လှေတစ်စီးလုံး မီး​လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။ လူအချို့ထိခိုက်မှုရှိခဲ့ပါတယ်။ ​လေးနာရီခန့်ကြာမှ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။” ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

ထူးထက်​အောင် (၅၀၄) ငါးဖမ်းစက်​​လှေ မီး​လောင်ကျွမ်းမှုကို ည​​နေ ၆ နာရီ ၃၉ မိနစ်တွင် အပြီးငြိမ်းသတ်နိုင်ခဲ့ပြီး မီး​လောင်ကျွမ်းမှုတွင် ပျက်စီးဆုံးရှုံးမှုနှင့် လူထိခိုက်မှု အ​သေးစိတ်ကို မြန်မာနိုငိငံမီးသတ်တပ်ဖွဲ့က စိစစ်​နေဆဲဖြစ်​ကြောင်း သိရသည်။

မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – CJ

ပန်းလှိုင်ဂေါက်ကွင်းအနီး ရန်ကုန်မြစ်အတွင်း စက်လှေတစ်စီးမီးလောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.