ပတ်စ်ပို့နှင့်စပ်လျဥ်းပြီး သံရုံးငွေစာရင်းသို့ ငွေပိုသွင်းမိလျှင် ပြန်ထုတ်ရန်အခက်အခဲရှိဟုဂျပန်သံရုံးထုတ်ပြန်

တိုကျို၊ ဖေဖော်ဝါရီ ၂၃

ဂျပန်နိုင်ငံရောက် မြန်မာ​ရွှေ့​ပြောင်းလုပ်သားများ ပတ်စ်ပို့ကိစ္စနှင့်စပ်လျဥ်းပြီး သံရုံးငွေစာရင်းအတွင်းသို့ ငွေပိုသွင်းမိလျှင် ပြန်ထုတ်ပေးရန် အခက်အခဲရှိ​နေ​ကြောင်း ဂျပန်နိုင်ငံဆိုင် ရာ မြန်မာသံရုံး၊ တိုကျိုမြို့က ​ဖေ​ဖော်ဝါရီ ၂၂ ရက်၊ ​နေ့စွဲဖြင့်ထုတ်ပြန်ချက်အရ သိရသည်။

“ ဂျပန်နိုင်ငံမှာ လာ​ရောက်လုပ်ကိုင်လျက်ရှိတဲ့ မြန်မာ​ရွှေ့​ပြောင်းလုပ်သား​တွေအ​နေနဲ့ ​ကောင်စစ်​ရေးရာဆိုင်ရာကိစ္စ​တွေနဲ့ နိုင်ငံကူးလက်မှတ်စာအုပ်များ သက်တမ်းတိုးခြင်းအပါအ ဝင် နိုင်ငံကူးလက်မှတ်​ပျောက်ဆုံးလို့ အသစ်​ပြန်​လျှောက်ခြင်းတို့၊ ဝင်​ငွေအခွန်​ပေး​ဆောင်းခြင်း၊ ​ထောက်ခံစာလုပ်ခြင်း အစရှိသည်တို့အတွက် ငွေစာရင်းဖွင့်လှစ်ထားတဲ့ SUMMITOMO MITSUI BANKING CORPORATION ( GOTANADA BRANCH ) ( NON-RESIDENT CURRENT ACCOUNT )သို့ ​ပေးသွင်းရမယ့် ​ငွေပမာဏသာ ​​ပေး​ဆောင်ဖို့နဲ့ ပိုမသွင်းမိ​စေဖို့ တိုက်တွန်းပါရ​စေ။” ဟု ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ တိုကျိုမြို့က သံရုံးတာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

လက်ရှိ ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ် စာအုပ်ကြေး၊ ပျောက်ဆုံးဒဏ်ကြေး၊ ဝင်ငွေခွန်နှင့် ဗီဇာကြေးတို့အား လျှောက်ထားသူများမှ မြန်မာသံရုံး၏ ငွေစာရင်းဖွင့်လှစ်ထားသည့် SUMMITOMO MITSUI BANKING CORPORATION ( GOTANADA BRANCH ) ( NON-RESIDENT CURRENT ACCOUNT )သို့ တိုက်ရိုက်ပေးသွင်းစေပြီး လျှောက်ထားမှုအလိုက် သံရုံးငွေစာရင်းသို့ ငွေပေးသွင်းရာတွင် ပေးသွင်းရသည့် ငွေပမာဏအတိအကျကိုသာပေးသွင်းပါဟု အဆိုပါ ထုတ်ပြန်ချက်၌ ​ဖော်ပြထားသည်။

ငွေပိုမိုပေးသွင်းခြင်းများရှိပါက ငွေပြန်လည်ထုတ်ပေးရန် လတ်တ​လောအခက်အခဲရှိ​နေ​ကြောင်း ၎င်းသံရုံးက ထုတ်ပြန်ထားသည်။

မြင့်မြတ်​အောင်မြင်
Photo: CJ

ပတ်စ်ပို့နှင့်စပ်လျဥ်းပြီး သံရုံးငွေစာရင်းသို့ ငွေပိုသွင်းမိလျှင် ပြန်ထုတ်ရန်အခက်အခဲရှိဟုဂျပန်သံရုံးထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.