ပတ်စ်ပို့စာအုပ်ပြုလုပ်ရန် ဒီဇင်ဘာလအထိသာ ရက်ချိန်းပေးမည်ဟု သတင်းများထွက်ပေါ်နေ

ရန်ကုန် ၊ နိုဝင်ဘာ ၂၀

နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် ကြိုတင်ရက်ချိန်းရယူမှုကို ဒီဇင်ဘာလအထိသာ ပြုလုပ်ပေးမည်ဟု သတင်းများထွက်ပေါ်နေကြောင်း သိရသည်။

ပတ်စ်ပို့စာအုပ် လျှောက်ထားချက်များနှင့်ပတ်သက်သော ဝန်ဆောင်မှုများအား ၂၀၂၃ ခုနှစ်၊ ၁၂ လပိုင်း၊ ၃၀ ရက်မှစတင်ပြီး ယာယီအကန့်အသတ်မရှိ ရပ်ဆိုင်းသွားမည်ဟု သတင်း များထွက်ပေါ်နေခြင်းဖြစ်သည်။

ပတ်စ်ပို့စာအုပ်လျှောက်ထားသူများအနေဖြင့် ယခု ၁၁ လပိုင်းနှင့် ၁၂ လပိုင်းအတွင်းသာ ပြုလုပ်ပေးသော အမြန်ဝန်ဆောင်မှုစနစ်ဖြင့် မည်သည့်မြို့နယ်၊ တိုင်းနှင့်ပြည်နယ် လူမျိုး ဘာသာမရွေး လျှောက်ထားနိုင်မည်ဖြစ်ကြောင်း၊ ယခုလတွင်ဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှုစနစ်အား လူဦးရေကန့်သတ်ချက်ဖြင့်သာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပတ်စ်ပို့ စာအုပ် လျှောက်ထားချက်နှင့်ပတ်သက်သော ဝန်ဆောင်မှုများကို ၁၂ လပိုင်းအတွင်း နောက်ဆုံးထား ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပတ်စ်ပို့ရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

ထို့ပြင် ပတ်စ်ပို့စာအုပ် လျှောက်ထားချက်များနှင့် ပတ်သက်သော ဝန်ဆောင်မှုများအား ၂၀၂၃ ခုနှစ်၊ ၁၂ လပိုင်း၊ ၃၀ ရက်မှစတင်ပြီး ယာယီအကန့်အသတ်မရှိ ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။

“ ပတ်စ်ပို့စာအုပ်အတွက် QR Code တင်တာ ခုထိရသေးတယ်။ နည်းနည်းတော့ ကြာတာပေါ့။ လျှောက်တယ့်သူကလည်း အရမ်းများနေတော့။ အခုဆို မေလနားထိတောင်ရောက် နေပြီ။” ဟု ပတ်စ်ပို့လျှောက်ထားသူတစ်ဦးက ပြောသည်။

အွန်လိုင်းစနစ်သစ် (Online Appointment System)ဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ရန် ရက်ချိန်းယူခြင်းကို ၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီ ၂၄ ရက်တွင် ရန်ကုန်မြို့ရှိ ပတ်စ်ပို့ထုတ်ပေး ရေးရုံးတွင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

သို့သော် ပတ်စ်ပို့လျှောက်ထားသူဦးရေသည် အလွန်များပြားနေသည့်အတွက် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၏ ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ရန် အချိန်အတော်ကြာခြင်း၊ ဖောင်ဖြည့် ငွေပေးချေပြီးသော်လည်း ရရှိမည့်ရက်ချိန်းအတွက် နေ့ရက်အချိန်ကို လျှောက်ထားသူထံ အကြောင်းပြန်ကြားမှု လက်ခံမရရှိခြင်း၊ အုပ်စုလိုက်လျှောက်သူများ အကုန် မရပဲ ကျန်ခဲ့ခြင်း၊ စသည့်အဆင်မပြေမှုများသည် လက်ရှိအချိန်ထိ ကြုံတွေ့နေရကြောင်း လျှောက်ထားသူများက ဆိုသည်။

#စုစု

ဓာတ်ပုံ – အင်တာနက်

ပုံစာ – ဖေဖော်ဝါရီလအတွင်းက နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးအတွင်း တွေ့ရှိရသည့် ပုံရိပ်

#ယနေ့ခေတ်

ပတ်စ်ပို့စာအုပ်ပြုလုပ်ရန် ဒီဇင်ဘာလအထိသာ ရက်ချိန်းပေးမည်ဟု သတင်းများထွက်ပေါ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.