ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုတန်ဖိုး ကျဆင်းလာ

ရန်ကုန်၊ အောက်တိုဘာ ၁၉

ယခုဘဏ္ဍာနှစ်၏ ပထမနှစ်ဝက်ကာလတွင် ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုတန်ဖိုးကျဆင်းလာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပင်လယ်ရေကြောင်းမှ ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄ ‌ဒသမ ၇၁ ဘီလီယံရရှိထားပြီး အလားတူကာလတွင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၇၆ ဘီလီယံရရှိထားပြီး ကန်ဒေါ်လာ ၁ ဒသမ ၀၅ ဘီလီယံလျော့ကျနေခြင်းဖြစ်သည်။

ထို့ပြင် သွင်းကုန်တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၉၅ ဘီလီယံရရှိထားပြီး အလားတူကာလတွင် ၇ ဒသမ ၆၃ ဘီလီယံရရှိထားကာ ကန်ဒေါ်လာ ၆၇၉ ဒသမ ၆၈၄ သန်း လျော့ကျနေကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရသည်။

ယင်းသို့ လျော့ကျရခြင်းမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း၌ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာများကို ၆၅ ရာခိုင်နှုန်းအား ဗဟိုဘဏ်ရည်ညွှန်းဈေး ၂,၁၀၀ ကျပ်ဖြင့် လဲလှယ် ရမည်ဟု သတ်မှတ်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင်မူ ပို့ကုန်ရငွေ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေးဖြင့် ရောင်းချရန်နှင့် ကျန် ၅၀ ရာခိုင်နှုန်းကို ပြည်တွင်းပုဂ္ဂလိက ဘဏ်များ၏ သတ်မှတ်နှုန်းထား တစ်ဒေါ်လာ ကျပ် ၂,၉၁၀ ဖြင့် ရောင်းချရန် ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး အဓိကပို့ကုန်ဖြစ်သော ဆန်နှင့် ဆန်ကွဲ ပြည်ပတင်ပို့မှုတွင်လည်း ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်မှုနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း ကွာဟ မှုများကြောင့် ဆန်တင်ပို့မှုများ လျော့ကျသွားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဌ ဦးရဲမင်းအောင်က ပြောကြားထားသည်။

“ အဓိက ၅၀-၅၀ ကိစ္စရယ်၊ အဲဒီငွေလဲလှယ်နှုန်းကွာဟမှုရယ်၊ ပြည်တွင်းဈေးကလည်း တက်နေတဲ့အတွက် အဲဒီမှာမကိုက်တော့ ကျနော်တို့က သိပ်မပို့နိုင်တော့ဘူး။” ဟု ပို့ကုန်လုပ် ငန်းရှင်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော၊ အခြားကုန် ပစ္စည်းများကို တင်ပို့လျက်ရှိပြီးပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်း စသည်တို့ကို အဓိကတင်သွင်းနေခြင်း ဖြစ်သည်။

စုစု

ဓာတ်ပုံ – Myanmar Port Authority

#ယနေ့ခေတ်

ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုတန်ဖိုး ကျဆင်းလာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.