ပင်လယ်နီဒေသအတွင်းမှဖြတ်သန်းသော အမေရိကန်ကုန်စည်သင်္ဘောကို ဟူသီလက်နက်ကိုင်အုပ်စု ထပ်မံတိုက်ခိုက်

ဂျေရုစလင်၊ ဇန်နဝါရီ ၁၆

ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အုပ်စုများသည် ပင်လယ်နီဒေသမှဖြတ်သန်းသော အမေရိကန် ကွန်တိန်နာသင်္ဘောကို ဒီဇင်ဘာ ၁၅ ရက်နေ့က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ ကြောင်း အမေရိကန်စစ်ဘက်က သတင်းထုတ်ပြန်လိုက်သည်။

ဟူသီလက်နက်ကိုင်အုပ်စုဟာ ဟားမက်စ်လက်နက်ကိုင်အပေါ် အစ္စရေး၏တိုက်ခိုက်မှုများကို လက်တုံ့ပြန်ရန်အတွက် ပင်လယ်နီဒေသက ဖြတ်သန်းနေသော ကုန်စည်သင်္ဘာများ ကို တိုက်ခိုက်နေရာ တင်းမာမှုအရှိန် မြင့်တက်နေကြောင်း သိရသည်။

အမေရိကန်နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ပင်လယ်နီဒေသအတွင်းမှ ဖြတ်သန်းနေသော ကုန်စည်သင်္ဘောများကို တိုက်ခိုက်ခြင်းမလုပ်ဆောင်ရန် သတိပေးတောင်းဆိုခြင်း များရှိနေကြောင်း သိရသည်။

အမေရိကန်စစ်တပ်က “ ဟူသီလက်နက်ကိုင်အုပ်စုတွေဟာ သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်တွေနဲ့ မာရှယ်ကျွန်းစုနိုင်ငံအလံ လွှင့်ထူထားတဲ့ M/V Gibraltar Eagle သင်္ဘောကို တိုက် ခိုက်ခဲ့တယ်။ အဲဒီသင်္ဘောဟာ အမေရိကန်ပိုင်တဲ့ ကုန်စည်သင်္ဘောဖြစ်တယ်။ သင်္ဘောဟာ တိုက်ခိုက်ခံရပေမယ့် ကြီးမားတဲ့ပျက်စီးမှုမရှိသလို ဒဏ်ရာလည်းမရခဲ့ဘူး။ သွားရမယ့် ခရီးစဉ်ကို ဆက်သွားခဲ့တယ်။” ဟု ပြောသည်။

အမေရိကန်စစ်တပ်သည် ပြီးခဲ့သောရက်ပိုင်းတွင် ဟူသီလက်နက်ကိုင်အုပ်စု၏ တိုက်ခိုက်ခြင်းများကို ဟန့်တားရန်ရည်ရွယ်ချက်ဖြင့် ယီမင်နိုင်ငံကို တိုက်ခိုက်ခဲ့သလို ဟူသိလက် နက်ကိုင်အုပ်စုက တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေမည်ဆိုလျှင် ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အုပ်စုကို ထပ်မံတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထပ်မံသတိပေးထား သည်။

ပင်လယ်နီဒေသသည် ကမ္ဘာကုန်သွယ်ရေးတွင် အရေးပါသော ဒေသတစ်ခုဖြစ်နေပြီး၊ ကမ္ဘာတဝှမ်းမှ ရေလမ်းကြောင်းကိုအသုံးပြုကာ ဖြတ်သန်းနေသည့် ကုန်စည်သင်္ဘောအားလုံး ၏ ၁၅ ရာခိုင်နှုန်းက ပင်လယ်နီဒေသနှင့် အေဒင်ပင်လယ်ကွေ့များကို ဖြတ်သန်းသွားလာနေကြောင်း သိရသည်။

ဟူသီလက်နက်ကိုင်အုပ်စုသည် ဂါဇာစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နိုဝင်ဘာလနောက်ပိုင်းတည်းက ပင်လယ်နီဒေသက ဖြတ်သန်းနေသော အမေရိကန်ကုန်စည်သင်္ဘောများအပါ အဝင် အခြားကုန်စည်သင်္ဘောများကို အနည်းဆုံး အကြိမ်ပေါင်း ၃၀ တိုက်ခိုက်ထားကြောင်း သိရသည်။

ဟူသီလက်နက်ကိုင်အုပ်စု၏ တိုက်ခိုက်မှုများကြောင့် သင်္ဘောကုမ္မဏီများသည် ပင်လယ်နီဒေသမှ ဖြတ်သန်းမည့်အစီအစဉ်များကို ရှောင်ရှားခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

apnews.com

ပင်လယ်နီဒေသအတွင်းမှဖြတ်သန်းသော အမေရိကန်ကုန်စည်သင်္ဘောကို ဟူသီလက်နက်ကိုင်အုပ်စု ထပ်မံတိုက်ခိုက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.