နှစ်ပေါင်း ၄၀ ကျော်တိုက်ခိုက်ခဲ့သည့် ကာဒရှ်စစ်သွေးကြွများ အပစ်ရပ်ရေးကြေညာ

အစ္စတန်ဘူလ်၊ မတ် ၁

ကာ့ဒ်စစ်သွေးကြွများသည် တူရကီနှင့် အပစ်အခတ်ရပ်စဲကြောင်း စနေနေ့က ကြေညာခဲ့သည်။ အကျဉ်းကျခံထားရသော ခေါင်းဆောင် Abdullah Ocalan က ၎င်းတို့အဖွဲ့ကိုဖျက်သိမ်းရန် တောင်းဆိုခဲ့ပြီးနောက် အဆိုပါကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခုသီတင်းပတ်အတွင်း Ocalan က အဖွဲ့ကိုဖျက်သိမ်းရန် တောင်းဆိုပြီးနောက် ကာဒစ်စတန် အလုပ်သမားပါတီ (PKK) ၏ ပထမဆုံးတုံ့ပြန်မှုဖြစ်သည်။ တူရကီနိုင်ငံအား ဆယ်စုနှစ်လေးစုကြာ တိုက်ခိုက်ခဲ့ပြီးနောက် Ocalan က လက်နက်ချရန်တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“ခေါင်းဆောင် Apo ရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်းအတွက် ငြိမ်းချမ်းရေးတောင်းဆိုမှုကို အကောင်အထည်ဖော်ဖို့ ဒီနေ့ကစပြီး အပစ်အခတ်ရပ်စဲရေးကို ကြေညာထားပါတယ်” ဟု PKK အလုပ်အမှုဆောင်ကော်မတီက Ocalan ၏ ပြောကြားချက်ကိုကိုးကား၍ PKK လိုလားသည့် ANF သတင်းဌာနသို့ ပြောကြားသည်။

Ref: BBC

#ယနေ့ခေတ်

နှစ်ပေါင်း ၄၀ ကျော်တိုက်ခိုက်ခဲ့သည့် ကာဒရှ်စစ်သွေးကြွများ အပစ်ရပ်ရေးကြေညာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.