နောင်ချိုမြို့အတွင်းရှိ ဒေသခံများ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဇွန် ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်တစ်ဦးထံမှ သိရသည်။

ယမန်နေ့ နံနက်ပိုင်းက နောင်ချိုမြို့တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်းနေခြင်းကြောင့် ဒေသခံများ ဘေးလွတ်ရသို့ ထွက်ပြေးနေရပြီး၊ နေရပ်ပြန်ရန် အခက်အခဲများရှိနေကြောင်း သိ ရသည်။

“ဒီကနေ့မနက်ကဆို စစ်ဘေးလွတ်ရာကို ထွက်ပြေးနေရတာ။ မြို့ထဲမှာလူတွေသိပ်မရှိတော့ဘူး။ ကျွန်တော်တို့တောင် နောင်ချိုက ၁၀ မိုင်အတွင်းကို ပြေးလာရတာ။ ၁၀ မိုင်မှာဆို စစ်ဘေးရှောင် ၁၀၀ ကျော်လောက်ရှိတယ်။ နောင်ချိုဘက်ကို ပြန်လို့မရတော့ဘူး။” ဟု စစ်ဘေးရှောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် နှစ်ဖက်တိုက်ပွဲများ တကျော့ပြန်ဖြစ်ပေါ်လာခြင်းကြောင့် နောင်ချိုမြို့တွင် ဆက်သွယ်ရေးလိုင်းများလည်း ပြတ်တောက်နေကြောင်း သိရသည်။

“အခုဆိုရင် ဖုန်းလိုင်းတွေက ပြတ်တောက်ပြတ်တောက်နဲ့ ဆက်လို့ကိုမရတော့ဘူး။ နောင်ချိုကလူတွေလဲ ဆက်မရ။ အခုက ဆက်သွယ်လို့ရတာ “တယ်လီနော”တစ်ခုလောက်ပဲရတော့တယ်။ နောင်ချိုဘက်လဲ ဘာတွေဖြစ်နေမလဲ မသိဘူး။” ဟု စစ်ဘေးရှောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဇွန်လ ၂၅ ရက် နံနက်၊ ၅ နာရီကျော်က ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နှင့် နောင်ချိုမြို့တို့တွင် တကျော့ပြန်တိုက်ပွဲများကြောင့် ဒေသခံများ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ- CJ

ယနေ့ခေတ်

နောင်ချိုမြို့အတွင်းရှိ ဒေသခံများ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.