ရန်ကုန်၊ ဇန်နဝါရီ ၂၄
နောင်ချို-ရပ်စောက်လမ်းမကြီးရှိ ဒုဌဝတီအဆင်းလမ်းရှိ လေးထပ်ကွေ့တွင် ဘိလပ်မြေသယ်ဆောင်လာသည့် Fuso ၁၂ ဘီးယာဥ် ဘရိတ်ပေါက်ပြီး ချောက်ထဲသို့ထိုးကျခဲ့ရာ ယာဉ် မောင်းနှင့် ယာဉ်အကူနှစ်ယာက် သေဆုံးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ နောင်ချို-ရပ်စောက်လမ်းမကြီးရှိ ဒုဌဝတီအဆင်းလမ်းရှိ လေးထပ်ကွေ့တွင် ဇန်နဝါရီ ၂၁ ရက်၊ နံနက် ၈ နာရီက ဘိလပ်မြေသယ်ဆောင်လာသည့် Fuso ၁၂ ဘီးယာဥ် ဘရိတ်ပေါက်ပြီး ချောက်ထဲသို့ထိုးကျခဲ့ပြီး ယာဉ် မောင်းနှင့် ယာဉ်အကူနှစ်ယာက် သေဆုံးခဲ့ကြောင်း မေတ္တာရောင်ခြည် လူမှုကူညီရေးအသင်း (ကံကြီး)မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“ ဘိလပ်မြေသယ်ဆောင်လာတဲ့ Fuso ၁၂ ဘီးယာဥ် ဘရိတ်ပေါက်ပြီး ချောက်တွင်းတိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်။ ယာဥ်မောင်းနဲ့ ယာဥ်အကူကို ညနေ ၄ နာရီလောက်မှာ သေဆုံး လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။” ဟု မေတ္တာရောင်ခြည်လူမှုကူညီရေးအသင်း(ကံကြီး)က တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ ၁၂ ဘီးယာဥ် ချောက်တွင်း တိမ်းမှောက်မှုကြောင့် သေဆုံးသွားခဲ့သည့် ယာဉ်မောင်းနှင့် ယာဉ်အကူတို့၏ ရုပ်အလောင်းကို နောင်ချိုပြည်သူ့ဆေးရုံကြီးသို့ မေတ္တာရောင်ခြည် လူမှုကူညီရေးအသင်း(ကံကြီး)က ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓါတ်ပုံ – မေတ္တာရောင်ခြည်လူမှုကူညီရေးအသင်း(ကံကြီး)
နောင်ချိုတွင် ၁၂ ဘီးယာဥ် ချောက်ထဲထိုးကျ ယာဥ်မောင်းနှင့် ယာဥ်အကူ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်