ရန်ကုန်၊ မတ် ၁၂
နေပြည်တော်၊ ဧရာဝတီလမ်းရှိ Ordinary Bar and Restaurant တွင် ယခုမတ် ၁ ရက်က ရင်သားအားတိပ်ကပ်ပြီး ဖျော်ဖြေတင်ဆက်ခဲ့သည့် Ordinary Bar ကို ၆ လပိတ် အရေးယူလိုက်ကြောင်း နေပြည်တော်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ထိုကဲ့သို့ကပြဖျော်ဖြေခဲ့သည့် Ordinary Bar ကို ၆ လပိတ်သိမ်းလိုက်ပြီး၊ အဆိုပါပွဲစီစဉ်သူကိုလည်း သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
“ အခုမတ် ၁ ရက်က Ordinary Bar and Restaurant မှာ ရင်သားကိုတိပ်နဲ့ကပ်ပြီး ဗလာကျင်းပုံစံနဲ့ Sexy Dane ကပြဖျော်ဖြေခဲ့ကြတာဖြစ်ပါတယ်။ အဲဒီပွဲစီစဥ်သူကို ဖမ်းဆီးအရေးယူထားပါတယ်။” ဟု နေပြည်တော်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ထိုသို့ ဖမ်းဆီးထိန်းသိမ်းရာတွင် ကပြဖျော်ဖြေသူနှင့် ပွဲစီစဉ်သူတို့သာပါဝင်ပြီး၊ ဆိုင်ပိုင်ရှင်ဖြစ်သူကို အရေးယူထားခြင်း မရှိသေးကြောင်း ဧရာဝတီလမ်းနေ ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ထို့အပြင် အဆိုပါဖျော်ဖြေပွဲနှင့်ပတ်သက်၍ ဆိုင်အပေါ်ထပ်ရှိ DJ ခန်းကို မတ် ၃ ရက်မှစတင်ပြီး တစ်လတိတိ ခေတ္တပိတ်သိမ်းလိုက်ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ- CJ
နေပြည်တော်မှ Ordinary Bar ကို ၆ လပိတ် အရေးယူ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်