နေတိုးနှင့် အငြင်းပွားနေချိန်တွင် ဖင်လန်နယ်စပ်အနီးတွင် ရုရှားတပ်ဖွဲ့ဝင်များ ဖြန့်ကြတ်ထားမည် ဟုဆို

မော်စကို၊ မတ် ၁၃

ရုရှားတပ်ဖွဲ့ဝင်များကို ဖင်လန်နိုင်ငံနယ်စပ်အနီးတွင် ဖြန့်ကြတ်ချထားသွားမည်ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က ထုတ်ဖော်ပြောဆိုလိုက်သည်။

ဖင်လန်သည် နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၂၃ ခုနှစ်တွင် တရားဝင် ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း ရုရှားစစ်တပ်က ဖင်လန်နယ်စပ်ဒေသများတွင် တပ်ဖွဲ့ဝင်များဖြန့်ကြတ်ချထားရန် စီစဉ်လာခြင်းဖြစ်သည်။

ရုရှားသမ္မတက “ နိုင်ငံအကျိုးစီးပွားရူထောင့်ကကြည့်မယ်ဆိုရင် နေတိုးအဖွဲ့ထဲကို ဖင်လန်နဲ့ ဆွီဒင်နိုင်ငံပူးပေါင်းပါဝင်ခဲ့တာက မကောင်းဘူး။ ဖင်လန်နိုင်ငံ နယ်စပ်ဒေသမှာ ရုရှားတပ်ဖွဲ့ဝင်တွေ ဖြန့်ကြတ်ချထားတာမျိုးမရှိဘူး။ လက်ရှိအချိန်မှာတော့ ဖင်လန်နယ်စပ်ဒေသမှာ ရုရှားတပ်ဖွဲ့ဝင်တွေ ဖြန့်ကြတ်ချထားမယ်။ အရင်တုန်းက ဖင်လန်နယ်စပ်ဒေသမှာဖျက်အားပြင်းလက်နက်တွေ ဖြန့်ကြတ်ချထားတာမျိုးမရှိဘူး။ ခုတော့ ဖင်လန်နယ်စပ်ဒေသမှာ ဖျက်အားပြင်းလက်နက်တွေ ဖြန့်ကြတ်ချထားမယ်။” ဟု ပြောသည်။

ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နေတိုးအုပ်စုနှင့် ရုရှားနိုင်ငံကြား တင်းမာမှုအရှိန် မြင့်တက်လာခဲ့ကြောင်း သိရသည်။

ရုရှားသည် ၎င်းနိုင်ငံပိုင်နက်နယ်စပ်နားတွင် နေတိုးတပ်ဖွဲ့ဝင်များ ဖြန့်ကြတ်ချထားမည်ကို လိုလားနှစ်သက်ခြင်းမရှိကြောင်း သိရသည်။

ရုရှားနှင့် ယူကရိန်းစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ဥရောပနိုင်ငံအချို့သည် ရုရှားကိုစိုးရိမ်လာသည့်အတွက် အမေရိကန်ဦးဆောင်သော နေတိုးအုပ်စုထဲဝင်ရောက်နိုင်ရန် ပိုမိုကြိုးပမ်းလာခဲ့ကြောင်း သိရသည်။

နေတိုးအဖွဲ့နှင့် ရုရှားနိုင်ငံတို့သည် ပြီးခဲ့သောသီတင်းပတ်အတွင်းကလည်း ယူကရိန်းသို့ နေတိုးတပ်ဖွဲ့ဝင်များ စေလွှတ်မည်ဆိုသော အချက်နှင့်ပတ်သက်ပြီး အငြင်းပွားခဲ့ပြီး နေတိုးအဖွဲ့ဝင်များစေလွှတ်မည်ဆိုလျှင် နျူကလီးယားအန္တရာယ် ဖြစ်လာနိုင်ချေများကြောင်း ရုရှားသမ္မတက ပြောသည်။

ရုရှားသမ္မတက နိုင်ငံတည်ရှိမှု၊ အချုပ်အခြာအာဏာပိုင်နက်များ ထိခိုက်လာမည်ဆိုလျှင် နျူကလီးယားလက်နက်များကို အသုံးပြုမည်ဖြစ်ကြောင်း ပြောဆိုထားပြီးဖြစ်သည်။

ကောင်းထက်ငွေ

alarabiya.net/News

နေတိုးနှင့် အငြင်းပွားနေချိန်တွင် ဖင်လန်နယ်စပ်အနီးတွင် ရုရှားတပ်ဖွဲ့ဝင်များ ဖြန့်ကြတ်ထားမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.