နိုဘယ်ငြိမ်းချမ်းရေးဆုသည် ပြီးပြည့်စုံသောဆုမဟုတ်ဟု နိုဘယ်ဆုအမည်စာရင်းတင်သွင်းခံရသည့် မြန်မာအရေးတက်ကြွလှုပ်ရှားသူ ဆို

လန်ဒန်၊ ဧပြီ ၂၁

၂၀၂၄ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆု အမည်စာရင်းတင်သွင်းခံရသော မြန်မာတက်ကြွလှုပ်ရှားသူမောင်ဇာနည်က ၎င်းအနေဖြင့် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာ ရင်းတင်သွင်းခံရခြင်းအပေါ် ဝမ်းသာမိကြောင်း၊ သို့သော်လည်း နိုဘယ်ငြိမ်းချမ်းရေးဆုက ပြီးပြည့်စုံသောဆုအဖြစ် ရှုမြင်သုံးသပ်မှုမရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

၁၉၇၆ ခုနှစ်က နိုဘယ်ဆုရရှိခဲ့ဖူးသော Mairead Corrigan Maguire က မောင်ဇာနည်ကို ၂၀၂၄ ခုနှစ်အတွက် ငြိမ်းချမ်းရေးအမည်စာရင်း တင်သွင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

မောင်ဇာနည်က “ ကျွန်တော်ကို အမည်စာရင်းတင်သွင်းခံရလို့ ပျော်ရွင်ရပါတယ်။ ဒါမေယ့် နိုဘယ်ငြိမ်းချမ်းရေးဆုဟာ ပြီးပြည့်စုံတဲ့ဆုမဟုတ်ဘူး။ နိုဘယ်ဆုရွေးချယ်ရေးကော်မတီဟာ အရင်တုန်းက ဂုဏ်သိက္ခကြီးမားတဲ့သူတွေကို ရွေးချယ်ခဲ့တယ်။ အဲဒီသူတွေထဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟင်နရီကစ်ဆင်ဂျာလို ပုဂ္ဂိုလ်မျိုးတွေကို ရွေးချယ်ခဲ့တယ်။ ဒါပေမယ့် ကမ္ဘာတဝှမ်းရှိ တက်ကြွလှုပ်ရှားသူတွေက နိုဘယ်ဆုရွေးချယ်ရေးကော်မတီဟာ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ဖူးသူတွေကို ရွေးချယ်ခဲ့ဖူးတယ်လို့ စဉ်းစားလာကြတယ်။” ဟုပြောသည်။

၎င်း၏ နိုဘယ်ဆုအမည်စာရင်းတင်သွင်းခံရမှုသည် မြန်မာပြည်သူများနှင့် ကမ္ဘာ့တက်ကြွလှုပ်ရှားသူများအတွက် သတင်းကောင်းဖြစ်မည်ဟု ယုံကြည်ကြောင်း၊ ၎င်းအနေဖြင့် နိုဘယ်ဆုအမည်စာရင်း တင်သွင်းခံရမှုများနှင့်ပတ်သက်ပြီး အလုပ်များကို လက်ရှိထက်တိုးမြှင့်လုပ်ဆောင်မည်ဟု ပြောသည်။

မောင်ဇာနည်သည် မြန်မာဒီမိုကရေစီအရေးအတွက် တက်ကြွစွာလှုပ်ရှားခဲ့သည့်အပြင် ထိုင်း၊ ပါလက်စတိုင်း၊ အိန္ဒိယ၊ နိုင်ဂျီးရီးယား၊ အရှေ့တီမောနှင့် တီဘက်ဒေသများအတွက်ငြိမ်းချမ်းရေးနှင့်လွှတ်မြောက်ရေးကို အကြမ်းမဖက်လုပ်ငန်းများ လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း၊ ၁၉၇၆ ခုနှစ်က နိုဘယ်ဆုရရှိခဲ့ဖူးသော Mairead Corrigan Maguire က ပြောသည်။

မောင်ဇာနည်က ကုလသမဂ္ဂသည် မြန်မာနိုင်ငံရေးအခက်ခဲများကို ဖြေရှင်းနိုင်ရန်အတွက် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘစ်ရှော့ကို မြန်မာနိုင်ငံဆိုင်ရာကုလ သမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့သော်လည်း ရလဒ်ကောင်းများရယူနိုင်မည်မဟုတ်ကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီက လက်ရှိအချိန်တွင် လုပ်ပိုင်ခွင့်နှင့်ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ဆုံးရှုံးနေသည့်အဖွဲ့စည်းမျိုးဖြစ်ကြောင်း ဝေဖန်ပြစ်တင်ခဲ့သည်။

ကောင်းထက်ငွေ

aa.com.tr/en/asia-pacific

နိုဘယ်ငြိမ်းချမ်းရေးဆုသည် ပြီးပြည့်စုံသောဆုမဟုတ်ဟု နိုဘယ်ဆုအမည်စာရင်းတင်သွင်းခံရသည့် မြန်မာအရေးတက်ကြွလှုပ်ရှားသူ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.