နိုင်ငံအတွင်း တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်အပါအဝင် နိုင်ငံခြားသား ၂၄၀ နီးပါးကို ဖမ်းဆီးရမိခဲ့ဟု မလေးရှားအာဏာပိုင်များ ဆို

ကွာလာလမ်ပူ၊ ဇန်နဝါရီ ၆

မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနသည် ဇန်နဝါရီ ၅ ရက်နေ့က မလေးရှားနိုင်ငံအတွင်း တရားမဝင် ရောက်ရှိနေထိုင်နေသူများကို စီးနင်းဖမ်ဆီးသည့် ‘Op Kutip အမည်ရှိ အော် ပရေးရှင်းတစ်ခုကို လုပ်ဆောင်ခဲ့ပြီးနောက် Kota Baru ဒေသဝန်းကျင်တွင် စီးနင်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာ မြန်မာနိုင်ငံသား ၁၁၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကီလန်တန် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များအဖွဲ့ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သည့် Nik Akhtarulhaq Nik Abdul Rahman က ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး Kota Baru ဒေသဝန်းကျင်တွင် စီးနင်းရှာဖွေခဲ့ခြင်းဖြစ်ရာ မလေးရှားနိုင်ငံသို့ အထောက်အထားမဲ့ ရောက်ရှိနေထိုင်နေသည့် နိုင်ငံခြားသား ၂၃၈ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပြောသည်။

ဖမ်းဆီးရမိသူ နိုင်ငံခြားသား ၂၃၈ ဦးထဲတွင် မြန်မာနိုင်ငံသားအမျိုးသား ၁၁၅ ဦး၊ ကလေးငယ်လေးဦးနှင့် အမျိုးသမီးလေးဦးတို့ပါဝင်ခဲ့ကြောင်း ၎င်းကပြောသည်။

ထိုအပြင် ကီလန်တန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူများသည် မြန်မာနိုင်ငံသားများအပြင် အင်ဒိုနီးရှားနိုင်ငံသား ၁၅ ဦး၊ ဘင်္ဂလားဒေရှ့်နိုင်ငံသား ၇၆ ဦး၊ ထိုင်းနိုင်ငံ သားခြောက်ဦး၊ ပါကစ္စတန်နိုင်ငံသားသုံးဦးနှင့် အိန္ဒိယနိုင်ငံသားသုံးဦးတို့ကိုလည်း တရားမဝင် ဝင်ရောက်နေထိုင်နေထိုင်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ကီလန်တန် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များအဖွဲ့ ညွှန်ကြားရေးမှူးက “ ဖမ်းဆီးရမိသူအားလုံးကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ချိုးဖောက်မှုနဲ့ စွဲချက်တင် စစ်ဆေးသွားမှာ ဖြစ်တယ်။” ဟု ပြောသည်။

ဖမ်းဆီးရသူများထဲတွင် အချို့က နေထိုင်ခွင့်သက်တမ်း ကုန်ဆုံးနေသူများ ပါဝင်နေသလို၊ တရားမဝင် အထောက်အထား မပါရှိသူများလည်း ပါဝင်နေကြောင်း သိရသည်။

ထိုအပြင် Terengganu လူဝင်မှုကြီးကြပ်ရေးဌာနသည် Kuala Terengganu City Council (MBKT) Bus Terminal တွင် နိုင်ငံအတွင်း တရားမဝင် ရောက်ရှိနေထိုင်သူများကို စီးနင်း ရှာဖွေခဲ့ရာ လူပေါင်း ၂၂၀ ဦးဖမ်းဆီးခံရပြီး ဖမ်းဆီးခံရသူများထဲတွင် မြန်မာနိုင်ငံသားများ ပါဝင်နေကြောင်း သိရသည်။

#ကောင်းထက်ငွေ

malaymail.com

#ယနေ့ခေတ်

နိုင်ငံအတွင်း တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်အပါအဝင် နိုင်ငံခြားသား ၂၄၀ နီးပါးကို ဖမ်းဆီးရမိခဲ့ဟု မလေးရှားအာဏာပိုင်များ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.