နိုင်ငံ​ရေးအကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာတွင် ပါရမည်ဟုဆိုကာ ငွေ​ကြေးလိမ်လည်နေ

ရန်ကုန်၊ ဧပြီ ၁

အကျဥ်းဦးစီးဌာနလက်​အောက်ရှိ အကျဥ်း​ထောင်များတွင် အကျဥ်းကျခံထားရသည့် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များထံသို့ နိုင်ငံ​တော်၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်နိုင်ဖို့ ပိုက်ဆံပေးရမည်ဟုဆိုပြီး ဖုန်းဆက်ကာ လိမ်လည်မှုများရှိလာ​ကြောင်း နိုင်ငံ​ရေးအကျဥ်းသားတချို့၏ မိသားစုဝင်များထံက သိရသည်။

“ နိုင်ငံ​တော်က​နေ နှစ်စဥ် နှစ်ဆန်းတစ်ရက်​နေ့တိုင်း နိုင်ငံ​ရေးအကျဥ်းသားအပါအဝင် အကျဥ်းကျခံ​နေရသူ​တွေကို လွတ်ငြိမ်းချမ်းသာခွင့်​ပေးပါတယ်။ အဲဒီအထဲမှာ အန်တီသားက နိုင်ငံ​​ရေးပုဒ်မနဲ့ အကျဥ်းကျခံထားရပါတယ်။ အဲဒါ မ​နေ့ကဖုန်းဆက်လာတယ်။ လွတ်ငြိမ်းချမ်းသာခွင့်မှာ ပါဝင်ချင်တယ်ဆို ကျပ်သိန်း ၁၀၀ Kpay နဲ့ လွှဲ​ပေးရမယ်​ပေါ့။ ဒီသတင်းပြင်ပ​ပေါက်ကြားရင် သူ့အတွက် အသက်အာမခံ မ​ပေးနိုင်ဘူးလို့ ခြိမ်း​ခြောက်လာတယ်။ တချို့ဆို အိမ်အထိတောင်လာပြောတာရှိတယ်။ ဘယ်ပုဂ္ဂိုလ်နဲ့ပိုင်တယ်​ပေါ့။” ဟု လှိုင်သာမြို့ နယ်မှ နိုင်/ကျဥ်းတစ်ဦး၏မိခင်က ယ​နေ့​ခေတ်သို့ ​​ပြောသည်။

နှစ်စဥ်မြန်မာ့နှစ်ဆန်းတစ်ရက်​နေ့တွင် အကျဥ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်​ပေးလျက်ရှိပြီး အဆိုပါစာရင်း၌ နိုင်ငံရေးအကျဉ်းသားအမည်များ ပါဝင်ဖို့ဆိုလျှင် ​ပိုက်ဆံပေးရမည်ဟုဆိုပြီး ဖုန်းဆက်လိမ်လည်မှုများ ပြုလုပ်လာ​ကြောင်း သိရသည်။

နိုင်ငံ​တော်မှ လွတ်ငြိမ်းချမ်းသာခွင့်၏ လုပ်ပိုင်ခွင့်အခွင့်အာဏာကို နိုင်ငံတော်၏အမြင့်ဆုံးဖြစ်သည့် အကြီးအကဲကသာ ပေးပိုင်ခွင့်ရှိခြင်းဖြစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ မပေးခြင်းကို ကြိုတင်မသိနိုင်​ကြောင်းနှင့် မည်သည့်ပုဒ်မများ ပါဝင်မည်ဆိုခြင်းကို ကြိုတင်မသိရ​နိုင်​ကြောင်း ရန်ကုန်အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​​ခေတ်သို့ ​ပြောသည်။

မြင့်မြတ်အောင်မြင်

ဓါတ်ပုံ – Cj

နိုင်ငံ​ရေးအကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာတွင် ပါရမည်ဟုဆိုကာ ငွေ​ကြေးလိမ်လည်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.