နိုင်ငံပိုင်နက်ကျုးကျော်ရန် ကြိုးပမ်းသူများကို ပြင်းထန်စွာတုံ့ပြန်မည်ဟု ဖိလစ်ပိုင်သမ္မတ သတိပေး

မနီလာ၊ မေ ၁၈

ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၎င်းတို့ပိုင်နက်များကို ပြင်းပြင်းထန်ထန် ကာကွယ်သွားဖွယ်ရှိနေကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့် ဂျူနီယာက ထုတ်ဖော်ပြောဆိုလိုက်သည်။

တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံနှင့် တရုတ်နိုင်ငံကြား ရေကြောင်းပိုင်နက်အငြင်းပွားမှုများဖြစ်လာချိန်တွင် ဖိလစ်ပိုင်သမ္မတက ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံအနေဖြင့် လက်ရှိအချိန်တွင် နိုင်ငံတကာအဖွဲ့စည်းက လက်ခံထားသော အခြေခံမှုများကို လျစ်လျူရူထားခြင်းဖြင့် ရင်ဆိုင်နေရကြောင်း ဖိလစ်ပိုင်သမ္မတက ပြော သည်။

ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံတို့သည် တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေအငြင်းပွားမှုများနှင့်ပတ်သက်ပြီး ထိပ်တိုက်တွေ့ဆုံလာရာ သံတမန်ဆက်ဆံရေး တင်းမာမှုများရှိလာခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်သမ္မတက “ ဖိလစ်ပိုင်စစ်သားတွေကိုလည်း ပြည်သူတွေဘေးကင်းအောင်ကာကွယ်စေဖို့၊ ပိုင်နက်နယ်မြေလုံခြုံစေဖို့၊ တောင့်တင်းခိုင်မာမှုတွေကို ခြိမ်းခြောက်တာတွေကာကွယ်ပေးဖို့နဲ့ ဒီမိုကရေစီတည်ငြိမ်ရေးကို အနှောက်ယှက်ပေးမှုတွေကို တုံ့ပြန်သွားဖို့အမိန့်ပေးထားတယ်။ ကျွန်တော်တို့ရဲ့နယ်မြေပိုင်နက်ကို လေးစားမှုမရှိတဲ့ ကျုးကျော်ဖို့ ကြိုးစားသူမှန်သမျှကို ပြင်းပြင်းထန်ထန်တုံ့ပြန်မယ်။” ဟု ပြောသည်။

တရုတ်ကမ်းခြေစောင့်သင်္ဘောများသည် အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အတွင်း ဖြတ်သန်းသွားလာသော ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောများကို မီးသတ်ပိုက်ဖြင့်ထိုးခြင်းများ လုပ်ဆောင်ခဲ့ရာ နှစ်နိုင်ငံကြား အငြင်းပွားမှုများဖြစ်လာခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

trtworld.com/asia

နိုင်ငံပိုင်နက်ကျုးကျော်ရန် ကြိုးပမ်းသူများကို ပြင်းထန်စွာတုံ့ပြန်မည်ဟု ဖိလစ်ပိုင်သမ္မတ သတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.