ရန်ကုန်၊ ဇန်နဝါရီ ၄
(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းမှ အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ကြောင်း နစက ကသတင်းထုတ်ပြန်သည်။
ထို့ပြင် ထောင်ဒဏ်တစ်သက်ကျခံနေရသူ ၁၄၄ ဦးကိုလည်း ထောင်ဒဏ် ၁၅ နှစ်သို့ပြောင်းလဲပြီး၊ နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၁၈၀ ဦးကို ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရသည်။
“ မနက်အစောကတည်းက လာစောင့်နေတာ။ လွတ်မယ်လို့လည်းမျှော်လင့်တယ်။ ၁၀ နှစ်အောက်အထိလူတွေပါမယ်လို့ကြားတယ်။” ဟု ရန်ကုန်မြို့၊ အင်းစိန်ထောင်ရှေ့တွင် လာရောက်စောင့်ဆိုင်းသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အလားတူ လက်နက်မှု၊ လူသတ်မှု၊ ပေါက်ကွဲမှု၊ အကြမ်းဖက်မှုများအပ ကျန်ပြစ်မှုများဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူအားလုံးကိုလည်း ပြစ်ဒဏ် ၆ ပုံ ၁ ပုံ လျှော့ပေါ့ခွင့်ပေးလိုက်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ – #စုစု
နိုင်ငံတစ်ဝန်းမှ အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်