နိုင်ငံတကာအဖွဲ့စည်းများ တားမြစ်နေသည့်ကြားမှ အစ္စရေးတင့်ကားများ ရာဖယ်မြို့အတွင်းဝင်ရောက်

ရာဖာ၊ မေ ၇

အစ္စရေးစစ်တပ်သည် ရာဖယ်မြို့အတွင်းနေထိုင်နေသူများကို ဘေးလွတ်ရာကိုရွှေ့ပြောင်းရန် တောင်းဆိုခဲ့ပြီးနောက် တစ်ရက်အကြာ မေလ ၇ ရက်နေ့တွင် ရာဖယ်မြို့အတွင်းသို့ အစ္စရေးတင့်ကားများ ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။

အစ္စရေးသည် ဟားမက်စ်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းမည်ဆိုလျှင် ရာဖယ်မြို့ထဲတွင် စစ်ဆင်ရေးများလုပ်ဆောင်ရမည်ဟု ပြီးခဲ့သောရက်ပိုင်းက သတင်းထုတ်ပြန်ထားသည်။

အစ္စရေးစစ်တပ်က “ ဟားမက်စ်လက်နက်ကိုင်အုပ်စုတွေကို အမြစ်ဖြတ်ချေမှုန်းနိုင်အောင် ကြိုးပမ်းမှုအဖြစ် ရာဖယ်မြို့အရှေ့ပိုင်းမှာ အကြမ်းဖက်တိုက်ဖျက်ရေး စစ်ဆင်ရေးတွေလုပ်ဆောင်မယ်။” ဟု ပြောသည်။

အစ္စရေးတင့်ကားလေးစင်းသည် အီဂျစ်နိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော ရာဖယ်မြို့ကို ဖြတ်သန်းဝင်ရောက်သွားသော ရုပ်သံဖိုင်များလည်း လူမူကွန်ရက်တွင်ပျံ့နှံ့နေခဲ့သည်။

အမေရိကန်အပါအဝင် ကုလသမဂ္ဂက ရာဖယ်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်မည့် အစ္စရေး၏စစ်ဆင်ရေးအစီအစဉ်များကို ဝေဖန်ပြစ်တင်ခဲ့ပြီး မလုပ်ဆောင်ရန် အစောပိုင်းက တိုက် တွန်းပြောဆိုခဲ့သည်။

အစ္စရေးစစ်တပ်က “ အစ္စရေးစစ်သားတွေဟာ ဂါဇာဒေသကို အပြည့်အဝထိန်းချုပ်နိုင်အောင် စစ်ဆင်ရေးလုပ်ငန်းတွေ လုပ်ကိုင်သွားမယ်။ မြေပြင်တပ်ဖွဲ့တွေနဲ့ လေတပ်အဖွဲ့တွေဟာ ရာဖယ်မြို့မှာရှိနေတဲ့ ဟားမက်စ်အဖွဲ့ရဲ့ စစ်ရေးအဆောက်အဦးတွေကို ဖျက်ဆီးသွားမယ်။” ဟု ပြောသည်။

အစ္စရေးစစ်တပ်က အီဂျစ်နိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသော ရာဖယ်မြို့၊ Crossing terminal မှ မီတာ ၂၀၀ အတွင်းအထိ အစ္စရေးတင့်ကားများ ဖြတ်သန်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ရာဖယ်မြို့မှ အစ္စရေးစစ်သားများကို ရော့ကဒ်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးသည် ရာဖယ်မြို့အတွင်း စစ်ဆင်မည့်လုပ်ငန်းများကို စတင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကောင်းထက်ငွေ

channelnewsasia.com

နိုင်ငံတကာအဖွဲ့စည်းများ တားမြစ်နေသည့်ကြားမှ အစ္စရေးတင့်ကားများ ရာဖယ်မြို့အတွင်းဝင်ရောက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.