နဝဒေးတံတားပတ်ဝန်းကျင် ည ၈ နာရီမှ နံနက် ၆ နာရီထိ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်

ရန်ကုန်၊ နိုဝင်ဘာ ၁၇

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်မြို့နယ်နှင့် ပန်းတောင်းမြို့နယ်သို့ ဆက်သွယ်ထားသည့် နဝဒေးတံတား၊ တံတားနှင့်ကိုက် ၅၀၀ အတွင်း ည ၈ နာရီမှ နံနက် ၆ နာရီအထိ ဖြတ်သန်း သွားလာခွင့်မပြု​ကြောင်း နစကမှ ပုဒ်မ ၁၄၄ ထုတ်ပြန်တားမြစ်ခဲ့​ကြောင်း ပြည်မြို့နယ် ​ဒေသခံစာ​ရေးဆရာတစ်ဦးက ယ​​နေ့ခေတ်သို့ ​ပြောသည်။

“ နဝဒေးတံတားနဲ့၊ တံတားနဲ့ ကိုက် ၅၀၀ အနီးပတ်ဝန်းကျင်ကို ပုဒ်မ ၁၄၄ ထုတ် ပြီး တားမြစ်နယ်မြေအဖြစ် သတ်မှတ်လိုက်ပါတယ်။ ည ၈ နာရီမှ နံနက် ၆ နာ ရီအတွင်း ဖြတ်သန်း သွားလာခွင့်ပိတ်လိုက်တယ်။ ဒါကြောင့် အဲ့ဒီအချိန်အတွင်း ဧရာဝတီမြစ်၊ နဝဒေးတံတားရဲ့ တောင်ဘက်နဲ့ မြောက်ဘက်ရဲ့ ကိုက် ၅၀၀ စီ အကွာအဝေးမှာ စက်လှေများ၊ လက်လှော် လှေများ ဖြတ်သန်းသွားလာခြင်း၊ ငါးဖမ်းခြင်း၊ တံတားအောက်ခြေတိုင်အနီး ရပ်တန့်နားနေခြင်း၊ကျောက်ချရပ်နားခြင်းတွေ ပြုလုပ်ခွင့်မရှိသလို၊ နဝဒေးတံတားပေါ် ဖြတ်သန်းသွား လာခြင်းကိုလည်း တားမြစ်ထားပါတယ်။” ဟု ပြည်မြို့နယ်မှ ​ဒေသခံစာ​ရေးဆရာတစ်ဦးက ယ​​နေ့ခေတ်သို့ ​ပြောသည်။

ပြည်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ပုဒ်မ ၁၄၄ ထုတ်ပြီး တားမြစ်နယ်အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်​ကြောင်း သိရသည်။

ပြည်မြို့နယ်တွင် နဝဒေးတံတားသည် ပြည်တစ်ဖက်ကမ်းရှိ ပန်းတောင်း၊ ထုံးဘို၊ ဥသျှစ်ပင် အစရှိ​သောမြို့နယ်များ၏ အဓိကဆက်သွယ်ရေးလမ်းကြောဖြစ်​ကြောင်း၊ ရခိုင်ပြည် နယ်ကို ကုန်းကြောင်းမှသွားရောက်ရာတွင် အဓိကကျသည့် တံတားတစင်းဖြစ်​ကြောင်း သိရသည်။

#မြင့်မြတ်အောင်မြင်

#ယနေ့ခေတ်

နဝဒေးတံတားပတ်ဝန်းကျင် ည ၈ နာရီမှ နံနက် ၆ နာရီထိ ဖြတ်သန်းသွားလာခွင့် ပိတ်ပင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.