နယ်စပ်အရေးအတွက် မြန်မာနိုင်ငံကို တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် တရုတ်အစိုးရ တိုက်တွန်း

ဘေဂျင်း၊ နိုဝင်ဘာ ၆

နယ်စပ်ဒေသတည်ငြိမ်ရေးကို ထိန်းသိမ်းရန် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း တရုတ်အစိုးရ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သောရက်ပိုင်းက မြန်မာတပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် မြန်မာနိုင်ငံဘက်ခြမ်းမှပစ်လိုက်သော ကျည်ဆံများ တရုတ်နိုင်ငံဘက်ခြမ်းကို နိုဝင်ဘာ ၄ ရက် နေ့တွင် ကျရောက်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက တိုက်တွန်း လိုက်ခြင်းဖြစ်သည်။

တရုတ် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Nong Rong က “ တရုတ်နယ်စပ် ဒေသမှာ နေထိုင်နေသူတွေရဲ့ အသက်အိုးအိမ်စည်းအိမ်တွေ ဘေးကင်းစေဖို့နဲ့ လုံခြုံရေးပိုမိုကောင်း မွန်စေဖို့ ထိရောက်တဲ့အစီမံတွေ လုပ်ဆောင်နိုင်ဖို့၊ တရုတ်-မြန်မာ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်မှုတွေကို ထိန်းသိမ်းနိုင်ဖို့ မြန်မာနိုင်ငံကို တရုတ်နိုင်ငံနဲ့ ပူးပေါင်းဖို့ တိုက် တွန်းပါတယ်။” ဟု ပြောသည်။

၎င်းသည် နိုဝင်ဘာ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ မြန်မာနိုင်ငံကိုလာရောက်ကာ မြန်မာအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဒေသတည်ငြိမ်ရေးကို ပြန်လည်ရရှိရန် လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံအနေ ဖြင့် တွေ့ဆုံဆွေးနွေးမှုများမှတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ပြန်လည်ရရှိစေရန်နှင့် မတူကွဲပြားများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အဖွဲ့အစည်းအားလုံးကို ကူညီထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။

တရုတ်နှင့် မြန်မာနယ်စပ်ဒေသတွင် ပြီးခဲ့သောသီတင်းပတ်အတွင်း တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ဝမ်ဘင်းက တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏အခြေနေများကို အနီးကပ်စောင့်ကြည့်နေကြောင်း၊ တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်စေလိုကြောင်း၊ တင်းမာမှုများကို ရှောင်ရှားနိုင်ရန် တွေ့ဆုံဆွေးနွေးမှုများ မှတဆင့် အမြင်မတူမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းစေလိုကြောင်း ပြောဆိုခဲ့သည်။

#ကောင်းထက်ငွေ

channelnewsasia.com

#ယနေ့ခေတ်

နယ်စပ်အရေးအတွက် မြန်မာနိုင်ငံကို တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် တရုတ်အစိုးရ တိုက်တွန်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.