နယ်စပ်ဒေသများတွင် ဒုံးကျည်များ၊ ဒရုန်းများနှင့် တိုက်ခိုက်ရေးတပ်ရင်းများ ဖြန့်ကြတ်ချထားမည်ဟု အီရန်စစ်တပ် ဆို

တဲလ်ရန်၊ ဇန်နဝါရီ ၁၄

အရှေ့အလယ်ပိုင်းဒေသအတွင်း ဂါဇာစစ်ပွဲ၊ ပင်လယ်နီဒေသအရေးတို့နှင့် ပတ်သက်ပြီး တင်းမာမှုအရှိန် မြင့်တက်နေချိန်တွင် အီရန်စစ်တပ်သည် ဒုံးကျည်များ ၊ ဒရုန်းများကို နယ် စပ်ဒေသတစ်လျှောက် ဖြန့်ကြက်ချထားမည်ဖြစ်ကြောင်း အီရန်ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သော Kiumars Heidari က ဆိုသည်။

နယ်စပ်ဒေသများတွင် အီရန်တပ်ဖွဲ့ဝင်များနှင့် ဒုံးကျည်များ ဖြန့်ကြတ်ချထားခြင်းသည် အခြားနိုင်ငံများကို ခြိမ်းခြောက်ခြင်းမဟုတ်ပဲ ထောက်လှမ်းရေးအချက်လက်များ ပိုမိုအား ကောင်းစေရန်နှင့် နိုင်ငံနယ်စပ်ဒေသ ပိုမိုလုံခြုံစေရန် ရည်ရွယ်ခြင်းသာဖြစ်ကြောင်း အီရန်ဗိုလ်ချုပ်ကြီးက ဆိုသည်။

အီရန်စစ်တပ်အနေဖြင့် နယ်စပ်ဒေသလုံခြုံရေးကို ထိန်းသိမ်းရန်နှင့် တိုက်ခိုက်ရေးအဖွဲ့များ၏ စွမ်းရည်ပိုင်း ပိုမိုကောင်းမွန်စေရန်အတွက် နယ်စပ်ဒေသကို တိုက်ခိုက်ရေးနှင့် လှုပ်ရှား တပ်ရင်း ၁၁ ခု ဖြန့်ကြတ်ချထားမည်ဖြစ်ကြောင်း အီရန်ဗိုလ်ချုပ်ကြီးက ဆိုသည်။

အီရန်နိုင်ငံသည် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အမေရိကန်၊ အစ္စရေးနိုင်ငံတို့နှင့် တင်းမာမှုအရှိန် မြင့်တက်လာနေရာ နိုင်ငံလုံခြုံရေး ပိုမိုကောင်းမွန်စေရန်ရည်ရွယ်ပြီး နယ်စပ်ဒေသများ ကို တပ်ဖွဲ့ဝင်များချထားခြင်း ဖြစ်ဖွယ်ရှိနေကြောင်း သုံးသပ်မှုများရှိနေသည်။

အီရန်သည် ဂါဇာစစ်ပွဲစတင်ခဲ့ပြီး နောက်ပိုင်းကတည်းက အသံထက်မြန်သော ဒုံးကျည်အပါအဝင် ခေတ်မီစစ်လက်နက်ပစ္စည်းများကို တစ်ခုပြီးတစ်ခုထုတ်ပြနေခဲ့ပြီး လက်ရှိအချိန် တွင်လည်း ဒုံးကျည်အမျိုးအစားအသစ်နှစ်ခု ဖန်တီးနေကာ မကြာမီထုတ်ဖော်ပြသသွားမည်ဖြစ်ကြောင်း အီရန်စစ်တပ်က ပြောသည်။

ထိုအပြင် အီရန်ရေတပ်သည် အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုများမြင့်တက်နေချိန်တွင် နျူကလီးယားလက်နက်ပိုင်ဆိုင်ထားသည့် ပါကစ္စတန်နိုင်ငံနှင့် ရေတပ်ပူးတွဲစစ် ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

အီရန်ရေတပ်နှင့် ပါကစ္စတန်ရေတပ်တို့သည် ဟောမုဇ်ရေလက်ကြားအနီး ပါရှင်ပင်လယ်ကွေ့နားတွင် ရေတပ်လေ့ကျင့်ခန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကောင်းထက်ငွေ

en.mehrnews.com

နယ်စပ်ဒေသများတွင် ဒုံးကျည်များ၊ ဒရုန်းများနှင့် တိုက်ခိုက်ရေးတပ်ရင်းများ ဖြန့်ကြတ်ချထားမည်ဟု အီရန်စစ်တပ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.