နယ်စပ်ဒေသကိုဖြတ်ကျော်လာသော မြောက်ကိုရီးယားစစ်သားများကို တောင်ကိုရီးယားစစ်တပ် သတိပေးပစ်ခတ်

ဆိုးလ်၊ ဇွန် ၁၈

တောင်ကိုရီးယားစစ်တပ်က နှစ်နိုင်ငံနယ်စပ်ဒေသကို ဖြတ်ကျော်ဝင်ရောက်လာခဲ့သော မြောက်ကိုရီးယားစစ်သားများကို သတိပေးပစ်ခတ်ခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုလိုက် သည်။

မြောက်ကိုရီးယားစစ်သား ၂၀ နှင့် ၃၀ ကြားပါဝင်သောအဖွဲ့သည် ဇွန်လ ၁၈ ရက် နံနက်ပိုင်းတွင် နယ်စပ်ဒေသကိုဖြတ်သန်းပြီး တောင်ကိုရီးယားနိုင်ငံဘက်ခြမ်းသို့ ဝင်ရောက်လာခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောသည်။


တောင်ကိုရီးယားစစ်တပ်က သတိပေးပစ်ခတ်ခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီးယားစစ်တပ်သည် ပြန်လှည့်သွားခဲ့ကြောင်း ပြောသည်။

မြောက်ကိုရီးယားစစ်သားများ နယ်စပ်ဖြတ်ကျော်ခြင်းသည် ပြီးခဲ့သောသီတင်းပတ်ကလည်းဖြစ်ပွားခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောသည်။

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနယ်စပ်ဒေသသည် ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံးသောအရပ်ဒေသဖြစ်ကြောင်း၊ အဆိုပါနယ်စပ်ဒေသတွင် မြေမြှုပ်မိုင်းများထားရှိပြီး နယ် စပ်ဒေသကိုဖြတ်ကျော်လာသော မြောက်ကိုရီးယားစစ်သားများ ဒဏ်ရာရသေဆုံးခြင်းများရှိခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က သတင်းထုတ်ပြန်ထားသည်။

တောင်ကိုရီးယားစစ်တပ်က “ နယ်စပ်ဒေသကိုဖြတ်ကျော်လာတဲ့ မြောက်ကိုရီးယားစစ်သားတွေဟာ မြေမြှုပ်မိုင်းတွေကြောင့် ဒဏ်ရာရတာတွေ၊ သေဆုံးတာတွေရှိနေပါတယ်။” ဟုပြောသည်။

မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားနိုင်ငံကြား တင်းမာမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံကြား ၂၀၁၈ ခုနှစ်တုန်းကရရှိခဲ့သော နယ်စပ်ဒေသစစ်ရေး သဘောတူညီချက်များကိုဖျက်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါသဘောတူညီချက်များ ဖျက်သိမ်းလိုက်ပြီးနောက် မြောက်ကိုရီးယားကနယ်စပ်တွင်ထားရှိသည့် အတားဆီးများကို ဖယ်ရှားခဲ့ရာ မြောက်ကိုရီးယားစစ်သားများ တောင်ကိုရီးယားဘက်ခြမ်းသို့ ဝင်ရောက်ရန်ကြိုးပမ်းခြင်းများရှိလာခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

aljazeera.com/news

နယ်စပ်ဒေသကိုဖြတ်ကျော်လာသော မြောက်ကိုရီးယားစစ်သားများကို တောင်ကိုရီးယားစစ်တပ် သတိပေးပစ်ခတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.