နယ်စပ်ကုန်သွယ်ရေးစခန်း အားလုံးနီးပါး ကုန်သွယ်မှုကျဆင်း

ရန်ကုန်၊ ဇန်နဝါရီ ၆

မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးကဏ္ဍတွင် အဓိကကုန်သွယ်မှုပြုလုပ်နေသည့် နယ်စပ်ကုန်သွယ်ရေးစခန်း အားလုံးနီးပါးသည် ကုန်သွယ်မှုကျဆင်းနေကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

မြန်မာနှင့် အဓိကကုန်သွယ်မှုပြုလုပ်နေသည့် နယ်စပ်ကုန်သွယ်ဖက်နိုင်ငံများသည် တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုန်သွယ်ရေးဂိတ်များသည် ယခုဘဏ္ဍာနှစ်၏ ကိုးလတာကာလအတွင်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၁၈ ဘီလီယံကျော် ရရှိထားပြီး၊ ယင်းတွင် ပို့ကုန်တင်ပို့မှု လျော့ကျ နေပြီး၊ သွင်းကုန်တင်သွင်းမှု မြင့်တက်နေကြောင်း စာရင်းများအရ သိရသည်။

“ အဓိက နယ်စပ်ကုန်သွယ်ရေးကနေ ပို့ကုန်တန်ဖိုးက အများဆုံးရတာ။ ပင်လယ်ရေကြောင်းက ဒီလောက်မရှိဘူး။ နယ်စပ်ရဲ့ ပို့ကုန်တန်ဖိုးက ကျနေရင်၊ သူတို့မှန်းထားတဲ့ ပို့ကုန် ဝင်ငွေ ပြည့်၊ မပြည့်ဆိုတာက မသေချာတော့ဘူး။ ပြောရရင် နယ်စပ်ကုန်သွယ်ရေးထိခိုက်တာက အဆိုးဆုံးပဲ။” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၂ ဒသမ ၆၀ ဘီလီယံကျော်၊ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၃ ဒသမ ၅၆ ဘီလီယံကျော်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၁၃ ဒသမ ၂၀ သန်း၊ မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၂ ဒသမ ၆၅ သန်းရရှိထားကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် အလားတူကာလတွင် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၂ ဒသမ ၀၇ ဘီလီယံကျော်၊ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၃ ဒသမ ၉၅ ဘီလီယံကျော်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၂၁ ဒသမ ၅၇၄ သန်း၊ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၁၂ ဒသမ ၅၅၉ သန်း ရရှိထား ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

နယ်စပ်ကုန်သွယ်ရေးစခန်း အားလုံးနီးပါး ကုန်သွယ်မှုကျဆင်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.