နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၆
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမီးရထားဘူတာရုံတွင် ဖေဖော်ဝါရီ ၁၅ ရက်၊ ညပိုင်းက လူအုပ်ပိခြင်းကြောင့် ၁၈ ဦးသေဆုံးပြီး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၅ ရက်၊ ညပိုင်းက နောက်ကျမှရောက်လာသည့် ရထားများပေါ်တက်ရန်ကြိုးပမ်းစဉ် လူထောင်ပေါင်းများစွာသည် မီးရထားဘူတာရုံတွင် လူအုပ်ပြိုကျကာ လူပိမိခြင်းကြောင့် ၁၈ ဦးသေဆုံးပြီး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါမတော်တဆမှုကြောင့် ကလေးငယ်လေးဦးသေဆုံးခဲ့ပြီး၊ အမျိုးသမီး ၁၀ ဦးသေဆုံးကြောင်း တာဝန်ရှိသူများက ထုတ်ပြန်သည့်စာရင်းအရ သိရသည်။
အိန္ဒိယ၀န်ကြီးချုပ် Narendra Modi က “ သူတို့၏ချစ်ရသူအားလုံးကို ဆုံးရှုံးခဲ့ရသူများနှင့်အတူဖြစ်သည်” ဟု X လူမှုကွန်ရက်တွင်ရေးသားခဲ့သည်။
အိန္ဒိယနိုင်ငံတွင် ဘာသာရေးပွဲများ၊ ပွဲတော်များနှင့် လူထူထပ်ရာနေရာများတွင် မကြာခဏလူအုပ်ပြိုကျခြင်း၊ လူပိ၍ အသက်သေဆုံးခြင်းများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။
Ref: BBC
#ယနေ့ခေတ်
နယူးဒေလီ မီးရထားဘူတာရုံတွင် လူအုပ်ပိခြင်းကြောင့် ၁၈ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်