နမ့်ခမ်းတွင် ဖုန်းအားသွင်းရာမှ ​အပူရှိန်လွန်ကဲကာ ပေါက်ကွဲမှုဖြစ်ပြီး ​နေအိမ်မီး​လောင်

ရန်ကုန်၊ မတ် ၁၂

ရှမ်းပြည်နယ်၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ဟန်ကြီးအုပ်စု၊ ဖာပြန့်ကျေးရွာတွင် မတ် ၁၁ ရက်၊ နံနက် ၉ နာရီက နေအိမ်တစ်လုံးအတွင်း ဖုန်းအားသွင်းရာမှ ​ပေါက်ကွဲမှုဖြစ်ပြီး ​နေအိမ်မီးလောင်ပြာကျမှုဖြစ်ပွားခဲ့​ကြောင်း သိရသည်။

အိမ်ရှင်အမျိုးသားသည် နေအိမ်တွင်ဖုန်းအားသွင်းထားခဲ့ပြီး အလုပ်သွားနေချိန် ဖုန်းဓာတ်ခဲ အပူလွန်ကဲပြီး ​ပေါက်ကွဲမှုဖြစ်ပွားကာ ​နေအိမ်တစ်ခုလုံး မီး​လောင်ပြာကျကာ ကျပ်သိန်း ၂၀၀ ခန့်ဆုံးရှုံး​ခဲ့​ကြောင်း နမ့်ခမ်းခရိုင်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

“ ​နေအိမ်တစ်လုံးလုံး မီး​လောင်ပြာကျသွားတယ်။ လူထိခိုက်​သေဆုံးမှု​တော့ မရှိပါဘူး။ ပျက်စီးဆုံးရှုံးမှုများပါတယ်။ ဖုန်းအားသွင်းရာက​နေ ဓာတ်ခဲက အပူလွန်ကဲပြီး ​​ပေါက်ကွဲမှုဖြစ်တယ်။ အသံအ​တော်ကျယ်​လောင်ပါတယ်။ ​နေအိမ်တစ်ခုလုံး ပြာကျသွားပါတယ်။” ဟု နမ့်ခမ်းခရိုင်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါ မီးလောင်မူကြောင့် နေအိမ်အတွင်းရှိ ငွေခါးကွင်း တစ်ကွင်း၊ ဆွဲကြိုး နှစ်ကုံး၊ ထင်းဖြတ်စက် နှစ်လုံးနှင့် ဆန်စပါးအပါအဝင် စုစုပေါင်းကျပ်သိန်းပေါင်း ၂၀၀ ကျော် မီးလောင်ဆုံးရှုံးသွားခဲ့​ကြောင်း သိရသည်။

အလားတူ မန္တလေးလေယာဥ်ကွင်းဟောင်းအနီးရှိ ဆောက်လုပ်ရေးဝန်ထမ်းအိမ်ယာတွင် မတ် ၁၀ ရက်၊ ည ၇ နာရီ ၅၆ မိနစ်ကလည်း ​နေအိမ်အတွင်းဝါယာ​ရှော့ဖြစ်ကာ ​နေအိမ်လိုင်းခန်းအားလုံးနီးပါး မီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့​ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – နမ့်ခမ်းခရိုင်မီးသတ်တပ်ဖွဲ့

ယနေ့ခေတ်

နမ့်ခမ်းတွင် ဖုန်းအားသွင်းရာမှ ​အပူရှိန်လွန်ကဲကာ ပေါက်ကွဲမှုဖြစ်ပြီး ​နေအိမ်မီး​လောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.